သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-23
မန္တလေးမြို့ ပဋိပက္ခအတွင်း အစ္စလာမ်အေးရိပ်ငြိမ်သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး တရားစွဲခံထားရသူ ၁၅ ဦးရဲ့ အမှုကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက ဒီနေ့ ကျေအေးပေး လိုက်ပါတယ်။
2014-10-23
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေ စုစည်းဖွဲ့ထားတဲ့ ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့က လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-10-23
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်တယ် ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော် ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ထိုင်းရှေ့နေများကောင်စီ က ရှေ့နေ ၁၆ ဦးက လိုက်ပါဆောင်ရွက်ပေးမယ်လို့ မြန်မာ သံရုံးအထူးအဖွဲ့က ပြောပါတယ်။
2014-10-23
သမ္မတ ဦးသိန်းစိန် အစိုးရ ဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့အကောင်အထည်ဖေါ်ရာမှာ တန်းတူခြင်း၊ တရားမျှတခြင်းမရှိတဲ့အပြင် နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင် ချက်တွေ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2014-10-22
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ကာစီနို လောင်းကစားရုံတွေ အပါ အဝင် လောင်းကစား လုပ်ငန်းတချို့ တရားဝင်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။
2014-10-22
ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတဲ့ကိစ္စမှာ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်ပြတ်ပြတ်သားသား အရေးမယူခဲ့ဘူး ဆိုပြီး အမေရိကန် အစိုးရအပေါ် သြဇာသက်ရောက်မှုရှိတဲ့ CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာနကြီး က မြန်မာ အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2014-10-22
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလမှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ သတင်းမီဒီယာသမားတွေ ပူးပေါင်းရေးဆွဲ သွားမယ်လို့ သိရပါတယ်။
2014-10-22
ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံ ထားရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့အမှုကို လိုက်ပါ ကူညီပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်က ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဆီကို အောက်တိုဘာ ၂၁ ရက်နေ့က အကြောင်းကြားစာ တစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။
2014-10-22
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှု ဇုန် ( ၂ ) က ဧရာဝတီ ဆန်နီ အထည်ချုပ် စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ လုပ်ခလစာတွက်ချက်တာနဲ့ အချိန်ပို ဆင်းခိုင်းတာကို အလုပ်ရှင်ဖက်က ဖြေရှင်းပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2014-10-22
ရန်ကုန်မြို့က ဗလီတွေကို ဖေါက်ခွဲရေးလုပ်ဖို့ ကြိုးစားတယ် လို့ ရဲတပ်ဖွဲ့ကစွပ်စွဲပြီး ရခိုင်လူငယ် ၃ ယောက်ကို ဒီနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။
2014-10-22
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှာပါနေတဲ့ ရွာပေါင်း ၂၆ ရွာဖွဲ့ဖြိုးရေးအတွက် တရုတ်ဝမ်ပေါင်ကုမ္ပဏီက နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲမယ်ဆိုတဲ့အစီအစဉ်အတွက် ဒေသခံ ရွာသားတွေရဲ့ ပိုင်ဆိုင်မှု၊ အလုပ်အကိုင်နဲ့ ဝင်ငွေတွေကို ကွင်းဆင်းပြီး စစ်တမ်းကောက်ယူနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2014-10-22
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က) နဲ့ (ခ)ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်း သားပါတီတချို့က ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက မူလအတိုင်း သာထားရှိဖို့ အကြံပြုထားတယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော်မတီက ပြည်ထောင်စု လွှတ်တော်ကို ဒီနေ့တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2014-10-22
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ထိုင်း ရဲထံမှာ ထွက်ဆို ခဲ့တဲ့ဝန်ခံချက်ကို သူတို့ရဲ့ရှေ့နေတွေက တရားဝင် ပြန်ရုပ် သိမ်းလိုက်ပြီဖြစ်ပါတယ်။
2014-10-22
MIGA ခေါ် ရင်းနှီးမြှုပ်နှံမှု အာမခံရေး ဘက်စုံဌာနရဲ့ ဒုတိယဥက္ကဌနဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ( Keiko Honda ) မစ္စ ကေးကို ဟွန်ဒါဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိ မှာဖြစ်ပါတယ်။
2014-10-21
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးရင် တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုးစရိတ်ကို နိုင်ငံတော်သမ္မတရဲ့သီးသန့်ရန်ပုံငွေကနေ ထောက်ပံံ့နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် က ပြည်သူ့လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။