လေပြင်းတိုက်ခတ်မှုကြောင့် ဒုက္ခသည်စခန်းက တဲအိမ်တွေ ပျက်စီး

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာ-ဆဒုံးနဲ့ ကန်ပိုက်တီတစ်ဝိုက်က ဒုက္ခသည်စခန်း ၁၀ ခုလောက်ဟာ မနေ့က လေပြင်း တိုက်ခတ်ခံရတာကြောင့် ဒုက္ခသည်တွေရဲ့တဲအိမ်ရာနဲ့ချီ ပျက်စီးသွားပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် Photo :Naw Lawn (mali ingra Volunteeer group)

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာ-ဆဒုံးနဲ့ ကန်ပိုက်တီတစ်ဝိုက်က ဒုက္ခသည်စခန်း ၁၀ ခုလောက်ဟာ မနေ့က လေပြင်းတိုက်ခတ်ခံရတာကြောင့် ဒုက္ခသည်တွေရဲ့တဲအိမ်ရာနဲ့ချီ ပျက်စီးသွားပြီး အရေးပေါ်အကူ အညီတွေ လိုအပ်နေပါတယ်။

လေပြင်းတိုက်ခတ်ခံရတဲ့ ဒုက္ခသည်စခန်းအများစုဟာ ကေအိုင်အေ ထိန်းချုပ်နယ် မြေထဲက စခန်းတွေဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စီမံထောက်ပံ့ နေတဲ့ ဒုက္ခသည်စခန်း ၇ ခုက လူဦးရေ ၂၀၀ ကျော် အတွက် အရေးပေါ်အကူအညီတွေ သွားပေးမှာဖြစ်တယ်လို့ KBC ရဲ့ လူမှုဝန်ထမ်းခြင်းနဲ့ ဖွံ့ဖြိုးရေးဋ္ဌာန တာဝန်ခံ ဦးခါးလီ က ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် နေအိမ်အမိုးအကာ ပျက်စီးတာတွေ ရှိပေမယ့် လူထိခိုက်မှု မရှိဘူးလို့လည်း ဦးခါးလီ က ပြော ပါတယ်။ အလားတူ တရုတ်-မြန်မာနယ်စပ်၊ နယ်ခြားမှတ်တိုင် ၈ အနီးက မဂါးယန် ဒုက္ခသည်စခန်းမှာလည်း မနေ့က လေပြင်း တိုက်ခတ်ခံရပြီး နေအိမ်တွေ ပျက်စီးခဲ့ပေမယ့် စာရင်းအတိအကျကို မသိရသေးပါဘူး။

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေဖြစ်ပွားလာရာ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်လောက်ဟာ နီးစပ်ရာဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org