ကျောင်းသားခေါင်းဆောင် ၃ ဦးကျောင်းတက်ခွင့် ပြန်လည်ရရှိ

နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကိုဇင်လင်းအောင်တို့ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကိုဇင်လင်းအောင်တို့ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

အခုလို ကျောင်းပြန်တက်ခွင့်ရရှိတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်းက RFA ကို ခုလိုပြောပါတယ်။

"ပထမအဆင့်မှာ သူတို့ဘက်က ကျောင်းထဲမှာ အသင်းဖွဲ့စည်းတာတွေ ဖွဲ့စည်းခွင့်မပေးထားတော့ ကျွန်တော်တို့ဘက်က ကျောင်းမတက်ရင် နေပလေ့စေ ။လက်မှတ်မထိုးဘူး။အဲတော့မှ အဲအချက်တွေကို ပြန်ဖြုတ်တယ်။ပြီးမှ သူတို့ဘက်က ကျောင်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သဘောတူပြီး လက်ခံခဲ့တာပါ။။ကျွန်တော်တို့ကို နဂိုတက်နေကျ မေဂျာအတိုင်း နေ့ကျောင်းသား အဖြစ်  ကျောင်းတက်ခွင့်ပေးလိုက်ပြီ။ကျွန်တော်တို့ရဲဘော်တွေ အများကြီးကျန်ပါသေးတယ်။ဒီလူတွေ ကျောင်းတက်ခွင့်ရဖို့လည်း ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ရဦးမှာပါ"

သူတို့ ၃ ဦး ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိ သွားကြပြီ ဖြစ်ပေမယ့် ရန်ကုန် စီးပွားရေး တက္ကသိုလ်က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုစည်သူမောင်ကတော့ ကျောင်းတက်ခွင့် မရသေးဘူးလို့ ပြောပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲနဲ့ စီးပွားရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာလှကြည်တို့က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုဇင်လင်းအောင်တို့ ၃ ဦးကိုဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကျောင်းပြန်လည် တက်ရောက်ခွင့်ပြုခဲ့ကြောင်း ပြောခဲ့တာပါ။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org