ကျောင်းသား ၁၀ ဦး ဆေးအာမခံ လျှောက်ထား
နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါ အဝင် ပုဒ်မ ၅ခုနဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက ကျောင်းသား ၁၀ ဦးဟာ ဆေးအာမ ခံပေးဖို့ သာယာဝတီခရိုင်တရားရုံးထံ ဒီနေ့ လျှောက်ထား လိုက်ပါတယ်။
-
2015-08-04 -
-
-
နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ခုနဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက ကျောင်းသား ၁၀ ဦးဟာ ဆေးအာမခံပေးဖို့ သာယာဝတီခရိုင်တရားရုံးထံ ဒီနေ့ လျှောက်ထား လိုက်ပါတယ်။ အဲဒီ ကျောင်းသား ၁၀ ယောက်ရဲ့ အာမခံလျှောက်ထားမှုကို လာမယ့် သြဂုတ်လ ၁၁ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးလှမျိုးမြင့် က ပြောပါတယ်။
"ဒီနေ့ ၁ဝ ယောက်ထပ်တင်တယ်၊ နောက်တစ်ပတ် ၁၁ ရက်နေ့ ရုံးချိန်းကျမှ အမိန့်ချမယ်၊ "
ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ အာမခံလျှောက်ထားသူ ကျောင်းသား ၃ယောက်ရှိခဲ့ပြီး အဲဒီ ၃ယောက်တင်ထား တဲ့ ဆေးအာမခံဟာ ထောင်ဆရာဝန်တွေရဲ့ ထောက်ခံချက်မဟုတ်တာကြောင့် ခရိုင်တရားသူကြီးက ဒီနေ့ ပယ်ချလိုက်ပြီး ထပ်မံလျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်နဲ့ ရဲစခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ တိုင်ကြားထားတာကို လာမယ့် သြဂုတ်လ ၁၁ရက်နေ့ ရုံးချိန်းမှာ အရေးယူ၊ မယူကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ့ဝန်ထမ်းနာကျင်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားရင်ဆိုင်နေရသူ ၆၈ ဦးရှိပြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူနဲ့ ဝန်းရံသူ ၅၃ ဦးရှိပါတယ်။