ကျောင်းသားတွေတောင်းဆိုချက် အားလုံး မူအားဖြင့် အစိုးရ သဘောတူညီ
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေး ပွဲကနေ သပိတ်မှောက်ကျောင်း သားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရ က မူအားဖြင့် လက်ခံ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
-
2015-02-11 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေး ပွဲကနေ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရက မူအားဖြင့် လက်ခံ သဘောတူလိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။
ဒီကနေ့ မူအားဖြင့် သဘောတူညီခဲ့တဲ့ အချက်တွေကို လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး လွှတ်တော်ကအတည်ပြု မှသာ သမ္မတကလက်မှတ်ရေးထိုး အတည်ပြုနိုင်မှာဖြစ် တယ်လို့သိရပါတယ်။ အဲ့ဒီကိစ္စရပ်တွေကို ဆောင်ရွက်နေ စဉ် အတွင်း ကျောင်းသားသပိတ်တွေကို ရပ်ဆိုင်းထား ဖို့ ကျောင်းသားတွေဘက်က သဘောတူညီခဲ့ကြောင်းသိရ ပါတယ်။
ဒါ့အပြင် ကျောင်းသားသပိတ်မှာပါဝင်တဲ့ ကျောင်း သားတွေနဲ့ အားပေးထောက်ခံ ဝန်းရံသူတွေကို အာဏာ ပိုင်တွေက အရေးမယူဖို့လည်း အစိုးရဘက်က သဘော တူလိုက်ပြီး ကျောင်းသားတွေရဲ့တောင်းဆိုချက် ၁၁ ချက် ထဲက ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းသတ်မှတ်ဖို့နဲ့ ပတ်သက်ပြီး ၅ နှစ် အတွင်း မှာ ၂၀ ရာခိုင်နှုန်းအထိ တိုးသွားပေးမယ်လို့ ဆိုပါတယ်။
ဒီကနေ့ဆွေးနွေးပွဲကို ကျောင်းသား၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER တို့က ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးမှာကျင်းပတဲ့ အဲ့ဒီဆွေးနွေးပွဲမှာ သတင်းရယူနေတဲ့ RFA သတင်းထောက် မဝေယံမိုးမြင့်ကို ဝါရှင်တန်ဒီစီ မြို့မှာရှိတဲ့ RFA ရုံးချုပ်ကနေ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။