ကျောင်းသားသပိတ် စစ်ကြောင်း နှစ်ကြောင်း သပိတ်ရပ်နားကြောင်း ကြေညာ
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ သပိတ်စစ်ကြောင်း ၂ ကြောင်းက သပိတ်ရပ်နားလိုက်ကြောင်း ကြေညာပါတယ်။
-
2015-02-16 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ သပိတ်စစ်ကြောင်း ၂ ကြောင်းက သပိတ်ရပ်နား လိုက်ကြောင်း ကြေညာပါတယ်။
ပဲခူးမြို့မှာရောက်ရှိနေတဲ့ မုံရွာ၊ ပခုက္ကူ၊ မော်လမြိုင်နဲ့ ထားဝယ်မြို့က စုပေါင်းသပိတ်စစ်ကြောင်းက ဒီနေ့ ရွှေမော်ဓောဘုရားမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မုံရွာသပိတ်မှောက်ခေါင်းဆောင် ကိုဝေမိုးနိုင်က သပိတ်ကိုရပ်နားကြောင်း ကြေညာ ခဲ့တာပါတယ်။
"ကျနော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကလည်း အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုတစ်ခုရလာပြီ၊ ကျနော် တို့ ရန်ကုန်မြို့ကိုမဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မလိုလားအပ်ပဲနဲ့ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေကို ကျနော်တို့ ရှောင်ရှားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်၊ ကျနော်တို့ ပဲခူးမြို့မှာလှည့်လည်ပြီးတော့ အောင်ပွဲခံပါမယ်၊ ပြီးတော့ ကိုယ့်နေရပ်ကို ကိုယ်ပြန်ပါမယ်ခင်ဗျ"
အလားတူ ဘိုကလေးမြို့ကို ရောက်ရှိနေတဲ့ ဧရာဝတီသပိတ်စစ်ကြောင်းကလည်း သပိတ်ကိုရပ်နား လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
သပိတ်မှောက် ကျောင်းသားကျောင်းသူတွေက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လွှတ်တော်မှာ ဆွေးနွေးမယ့်အခြေအနေကို စောင့်ကြည့်ဖို့ ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ ကိုဝေမိုးနိုင်က ပြောပါတယ်။
မင်းလှမြို့ကို ဒီညဝင်ရောက်မယ့် ပင်မမန္တလေး သပိတ်စစ်ကြောင်းက အစည်းအဝေးကျင်းပပြီး သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ ပြောပါတယ်။
ပဲခူးမှာရောက်နေတဲ့ မုံရွာမြို့က သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ဒီနေ့လွှတ်တော်မှာ မတင်ဖြစ်တဲ့အတွက် ကျောင်းသား စစ်ကြောင်းတွေကို ထိန်းသိမ်းရခက်သွားနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူ ကပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကတော့ အချိန် အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပြီး မူလရည်မှန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။
ဒေါက်တာအာကာမိုးသူနဲ့ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုအောင်အောင်ကျော်ကို မခက်မာ က ဆက်သွယ်မေးမြန်းထားပါတယ်။