ဖမ်းဆီးခံတွေကို သံချပ်နဲ့ဖျော်ဖြေ

သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ် တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို အားပေးတဲ့ အနေ နဲ့ တောင်ငူ ခရိုင် ဗကသ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထား တဲ့ ကေတုအိုးေ၀ သံချပ်အဖွဲ့က သြင်္ကန်သံချပ်တွေ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ဗကသကျောင်းသူ မဖြိုးဖြိုးအောင် ကို သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်

သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အားပေးတဲ့ အနေနဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကေတုအိုးေ၀ သံချပ်အဖွဲ့က သြင်္ကန်သံချပ်တွေ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ကေတုအိုးေ၀ သံချပ်အဖွဲ့ တရားရုံးမှာ လာရောက် ဖျော်ဖြေခဲ့တဲ့ အကြောင်း  သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင် က အခုလို ပြောပါတယ်။

"ဒီနေ့ရုံးချိန်းမှာ တောင်ငူခရိုင် ဗကသကနေပြီးတော့ ကေတုအိုးဝေ သံချပ်တွေနဲ့ လာရောက် ပြီးတော့ ဖျော်ဖြေတာပါ၊ သေသေချာချာတော့ မတိုက်ထားဘူး၊ စာရွက်တွေထုတ်ပြီးတော့ အပြန် အလှန်ဖျော်ဖြေတဲ့သဘောပါ "

ဒီနေ့ တရားရုံးချိန်းမှာ တရားလိုပြသက်သေတွေ မလာတဲ့အတွက် အမှုမစစ်ဆေးနိုင်ဘဲ ရုံးထုတ် တဲ့ ကျောင်းသူူ ကျောင်းသားတွေကို မြင်းခြံ၊ ရန်ကုန်နဲ့ တောင်ငူက ဗကသကျောင်းသား ကျောင်းသူတွေ လာရောက်အားပေးခဲ့ကြပါတယ်။

သြင်္ကန်ကာလအတွင်း တောင်ငူ၊ မုံရွာ၊ ပြည် နဲ့ သာယာဝတီခရိုင် ဗကသ ကျောင်းသားတွေက သံချပ် အဖွဲ့ ၄ ဖွဲ့လောက်နဲ့ လှည့်လည်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org