စာမေးပွဲရက်အတွင်း ဘတ်စ်ကား အခမဲ့စီးနိုင်ရေး ကျောင်သားသမဂ္ဂ ကူညီ
ခရီးသည်တင် ဘတ်စ်ကားတွေက သပိတ်မှောက်နေတာကြောင့် ဒဂုံ တက္ကသိုလ်က စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူ ကျောင်း သားတွေ ကျောင်းတက်ဖို့ အခက်တွေ့နေတဲ့အတွက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ဘတ်စ်ကားတွေကို အခမဲ့စီးနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
-
2015-09-18 -
-
-
Your browser doesn’t support HTML5 audio
ခရီးသည်တင် ဘတ်စ်ကားတွေက သပိတ်မှောက်နေတာကြောင့် ဒဂုံတက္ကသိုလ်က စာမေးပွဲဖြေဆိုနေ တဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်တွေ့နေတဲ့အတွက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ဘတ်စ်ကားတွေကို အခမဲ့စီးနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေဆိုနေတဲ့ ရက်တွေဖြစ်တဲ့အတွက် အခမဲ့စီစဉ်ပေးတာလို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုအောင်အောင်က ပြောပါတယ်။
"ကျနော်ကတော့ ဒဂုံသမဂ္ဂကပေါ့နော် အလုပ်အမှုဆောင်ဝင်၊ ကျနော်တို့ မနေ့ကဆိုရင် စာမေးပွဲဖြေတယ်၊ ဖြေတော့ စာမေးပွဲဖြေတဲ့အခါမှာဆိုရင် ပထမ မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ် နှစ်ကြိမ်ဖြေရတာပေါ့၊ နှစ်ကြိမ်ဖြေတော့အခါမှာ အခက်အခဲတွေ အများကြီးဖြစ်တဲ့ဗျ၊ ဥပမာ ကားမလုံလောက်တာ ဘီအမ်ကားဆိုတာ ထွက်တာနည်းသွားတယ်ဗျာ၊ တာမွေ၊ တောင်ဥက္ကလာ၊ ရန်ကင်း အဲ့ဘက်ကလာတဲ့လူတွေက တော်တော်အခက်အခဲဖြစ်တယ်၊ အခုဆိုလို့ရှိရင် ဘေလီလိုနေရာမျိုးမှာကြပ်တာ မိနစ် ၂ဝ၊ ၂၅ လောက်ကြာတာပေါ့၊ အဲ့ဒီတော့ ကျနော်တို့ ကျောင်းကိုအချိန်မီသွားတဲ့ ကျောင်းသားတွေလည်း အခက်အခဲဖြစ်တယ်၊ အဲ့ဒါကြောင်မို့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းသားတွေအရေးမှာ ကျနော်တို့က ပါဝင်သင့်တယ်ထင်လို့ ပါဝင်ကူညီတာပါ"
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ခရီသည်ယဉ်ကားတွေကို ယာဉ်စည်းကမ်းဖောက်ဖျက်ရင် အနိမ့်ဆုံးဒဏ်ငွေ သုံးသောင်းကျပ်ထက် မပိုသောဒဏ်ငွေကို ပေးဆောင်ရမယ်လို့ ဥပဒေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း မြို့ပြင်ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေမှာ အရင်ကပြေးဆွဲနေတဲ့ကားအရေအတွက်ထက် သိသိသာသာလျော့နည်းပြေးဆွဲနေတာကြောင့် ခရီး သွားတွေ ကျောင်းသူကျောင်းသားတွေ အခက်ကြုံနေရတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အခုလို အများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ဘတ်စ်ကားတွေထဲက အစင်းရေ ၃ ပုံ ၁ ပုံလောက် လိုင်းမဆွဲဘဲ သပိတ်မှောက်နေကြတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ လူထုရဲ့သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။