နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး စတစ်ကာ ဖြန့်ဝေ

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့မှာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အဖွဲ့က ဒီနေ့ လိုက်လံဖြန့်ဝေပါတယ်။

အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ကို တွေ့ရစဉ်

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့မှာ အခြေခံပညာ ကျောင်းသားများသမဂ္ဂအဖွဲ့က ဒီနေ့ လိုက်လံဖြန့်ဝေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကို ထောက်ခံတာကြောင့် အခုလိုလှုပ်ရှားတာဖြစ်တယ်လို့ အကသကျောင်းသားသမဂ္ဂအဖွဲ့က ကိုအောင်မင်းခိုင်က ပြောပါတယ်။

"ကမ်ပိန်းလုပ်မှာက ကိုအောင်မှိုင်းဆန်းကို ထောက်ခံတဲ့အနေနဲ့ ဝိုင်းရံတဲ့အနေနဲ့ ကျနော်တို့ ကျောင်းသားတွေ လုပ်သွားမှာပါ၊ မြို့ထဲမှာ စတစ်ကာလိုက်ဝေပါမယ်"

ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေနဲ့ ဝန်းရံသူ အားလုံးကို ချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ စစ်ကျွန်ပညာရေးအလိုမရှိ စတဲ့ စာသားပါ စတစ်ကာတွေကို လိုက်ဝေခဲ့တာဖြစ်ပါတယ်။

ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင်ထဲမှာ မနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org