ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်ကြောင်း သံသယရှိသူ ၁၂ ဦးကို တရားစွဲဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်နွယ် တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူ ၁၂ ဦးကို မတရား အသင်းအက်ဥပဒေနဲ့ ကျောက်တော်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်နွယ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီး ခံထားရသူ ၁၂ ဦးကို မတရားအသင်းအက်ဥပဒေနဲ့ ကျောက်တော်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက်ပါ တယ်။

ကျောက်တော်မြို့နယ် တရားရုံးကို သွားရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက သူမြင်တွေ့ရတာကို အခုလို ပြောပါတယ်။

"၁၂ ဦးကို ရုံးတင်တယ်၊ အကုန်လုံး ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ ယူဆလို့ရတယ်၊ ဒီမှာ မိသားစုတွေတော့ ရောက်နေကြတယ်"

တရားစွဲဆိုခံရတဲ့လူ ၁၂ ဦးဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေကဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးအစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA နဲ့ဆက်နွယ်တယ်ဆိုပြီး ၃ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က ကျောက်တော်မြို့နယ်တရားရုံးက တရားစွဲဆိုခဲ့သလို အဲဒီနေ့မှာပဲ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ၁၆ ဦးကို မတရားအသင်းအက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး လူပေါင်း ၃၀ ကျော်ကို အစိုးရက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org