လယ်သမား ၂ဝ ကျော်ကို စစ်တပ်က တရားစွဲဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေး ရွာက လယ်သမား ၂ဝ ဦးကို ကျေးရွာအနီး မှာ အခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်းက တပ်ပိုင်မြေကို ကျူးကျော်ထွန်ယက်စိုက်ပျိုးမှု ပုဒ်မ ၄၄၇ နဲ့ ဒီရက်ပိုင်းမှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေးရွာက လယ်သမား ၂ဝ ဦးကို  ကျေးရွာအနီးမှာ အခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်းက တပ်ပိုင်မြေကို ကျူးကျော်ထွန်ယက်စိုက်ပျိုးမှု ပုဒ်မ ၄၄၇ နဲ့ ဒီရက်ပိုင်းမှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဇွန်လပထမပတ်ကစလို့ တပ်ပိုင်မြေထဲမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး တရားစွဲဆိုတာ ဖြစ်တယ်လို့ အုတ်တောင်ပြင်ကျေးရွာက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

တရားစွဲဆိုလိုက်တဲ့ လယ်သမား ၂ဝ ဦးထဲက ၄ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ ကျန်လယ်သမား ၁၆ ဦးကိုတော့ ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှာ အမှုဖွင့်ထားဆဲပဲလို့ သိရပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ခမရ-၅၃၉ တပ်ရင်းက လယ်သမား ၂၈ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧက ၁၃ဝ ကျော်ကို လျော်ကြေးတစ်စုံတရာမပေးဘဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း အခုလိုထွန်ယက်ခဲ့မှုကြောင့် လယ်သမားတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကျော်သိန်းအပါအဝင် မြို့နယ်တာဝန်ရှိသူတွေက စစ်တပ်ပိုင်မြေမှာ ဆက်မထွန်ဖို့ လာရောက်တားမြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org