၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့ရဲ့ လယ်ယာစီးပွားနဲ့ တောင် သူရေးရာကို တရားစွဲ

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူ လယ်သမားရေးရာဌာနက ၃ ဦးကို မွန်ပြည်နယ်၊ ရေးမြို့နယ် မှာနေထိုင်သူ ဦးရန်လင်းအောင်က နစ်နာကြေး ကျပ်သိန်း ၅၀၀ ရလိုမှုနဲ့ မော်လမြိုင်ခရိုင်ရုံးမှာ တရားစွဲဆိုထားပြီး အမှု ကို ဒီနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက မနုနုအောင် ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက ၃ ဦးကို မွန်ပြည်နယ်၊ ရေးမြို့နယ်မှာနေထိုင်သူ ဦးရန်လင်းအောင် က နစ်နာကြေး ကျပ်သိန်း ၅၀၀ ရလိုမှု နဲ့ မော်လမြိုင်ခရိုင် ရုံးမှာ တရားစွဲဆိုထားပြီး အမှုကို ဒီနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

ရုံးချိန်းလာရောက်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ် သမားရေးရာဌာနက မနုနုအောင်က သူတို့အနေနဲ့ တစ်စုံတစ်ဦးကို နစ်နာစေလိုတာကြောင့် ရေးသားထားတာ မဟုတ်ဘဲ အစိုးရအနေနဲ့ ဖြေရှင်းလို့ရအောင် တိုင်ကြားချက်တွေကို ရေးသားထုတ်ဝေထားတာလို့ ပြောပါတယ်။

"ကျမတို့ကို တရားစွဲတဲ့လူက သူ့အကြောင်းအရာ ပါတဲ့အတွက်ကြောင့် သူ့အနေနဲ့ နစ်နာလို့ လျော်ကြေး သိန်း ၅ဝဝ ရလိုမှုနဲ့ စွဲတာ၊ ဒီစာအုပ်က ကျမတို့က အခမဲ့အများပြည်သူကို မှီငြမ်းနိုင်တယ် ကူးယူနိုင်တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေကလည်း အမြန်ဆုံးဖြေရှင်းဖို့ကို အချက်အလက်တွေနဲ့ တင်ပြထားတဲ့ အတွက်ကြောင့် ကျမတို့ရတဲ့ တိုင်ကြားစာတွေအရ အခြေခံပြီးတော့ ပြုစုထားခြင်းဖြစ်ပါတယ်၊ ကျမတို့ လူပုဂ္ဂို်လ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာမဟုတ်ပါဘူး"

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက ထုတ်ဝေတဲ့ တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်စာအုပ်မှာ သူ့နာမည်ပါဝင်တဲ့အတွက် သူ့ကိုနစ်နာစေတယ်ဆိုပြီး ဦးရန်လင်းအောင် က တရားစွဲဆိုတာဖြစ်ပါတယ်။

ဦးရန်လင်းအောင်ဟာ တောင်သူ ၁၄ ဦးပိုင် ခြံမြေ ၁၇၄ ဧကကို ၂၀၀၇ ခုနှစ်က အာဏာပိုင်တွေနဲ့ပေါင်းပြီး သိမ်းယူထားပြီး တောင်သူတွေကို တရားစွဲဆိုထားတယ်လို့ စာအုပ်မှာ ပါရှိပါတယ်။

အဲဒီလို အများသူငှာသိအောင် စာအုပ်မှာဖော်ပြတာဟာ သူ့သိက္ခာကို ထိခိုက်စေတာကြောင့် နစ်နာကြေး ကျပ်သိန်းငါးရာပေးဖို့ တရားစွဲဆိုထားတာလို့ ဦးရန်လင်းအောင် ရှေ့နေ ဒေါ်ပန်းအိဖြူ က ပြောပါတယ်။

၈၈မျိုးဆက် လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည် စာအုပ်ကို ပြည်နယ် ၇ ခုကိုသွားရောက်လေ့လာခဲ့ပြီး တွေရှိချက်တွေ၊ တိုင်ကြားချက်တွေကို စုစည်းကာ ၂၀၁၅ အောက်တိုဘာလမှာ ထုတ်ဝေထားတာဖြစ်ပါတယ်။

ဒီစာအုပ်ပါ အချက်အလက်တွေကို အစိုးရအဖွဲ့တွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ထား တယ်လို့ သိရပါတယ်။

နောက်လာမယ့်ရုံးချိန်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org