ဆင်ပေါင်ဝဲမြေသိမ်းမှု ဆန္ဒပြလယ်သမားခေါင်းဆောင်ကို အမှုဖွင့်အရေးယူ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်မှာ မှတ်ပုံတင်ခွင့်ရရှိဖို့အတွက် မနေ့က မကွေးမြို့သစ်တော ရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ တောင်သူတွေထဲက ဦးဆောင်သူ တစ်ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၉နဲ့ မကွေးမြို့ အမှတ် ၂ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

သစ်တောကြိုးဝိုင်းအဖြစ် သိမ်းထားတဲ့မြေတွေအတွက် ဆင်ပေါင်ဝဲမြို့နယ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်က လယ်ယာမြေဧက ၃ သောင်းကျော်မှာ မှတ်ပုံတင်ခွင့် ရရှိဖို့အတွက် မနေ့က မကွေးမြို့သစ်တောရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ တောင်သူတွေထဲက ဦးဆောင်သူတစ်ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၉နဲ့ မကွေးမြို့ အမှတ် ၂ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

ရဲစခန်းက ခွင့်ပြုချက်ပေးတဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ မှာ ဆန္ဒမပြဘဲ မနေ့က ဆန္ဒပြခဲ့တဲ့အတွက် အမှုဖွင့် ခံရတာဖြစ်တယ်လို့ အမှုဖွင့်ခံရတဲ့ ဆန္ဒပြပွဲဦးဆောင်သူ ကိုတင်ထွန်းအောင်က ပြောပါတယ်။

"ကျနော်တို့ကဒေသမှာ တောင်သူတွေနဲ့ စီစဉ်ပြီးသားဖြစ်နေတဲ့အတွက် ကျနော်တို့က ရက်ပြောင်းလို့မရတော့ဘူး၊ ဒါကြောင့် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပွဲလုပ်ခဲ့တယ်"

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘို၊ ကုန်းသာ၊ ကန်ကျောင်းနဲ့ ငှက်ပျောကျင်းစတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက ဘရုံသစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ဒေသခံလယ်သမား တစ်ထောင်ခန့်က မနေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြလယ်သမားတွေက ဘရုံသစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့တာကို ပယ်ဖျက်ပေးဖို့နဲ့ အဲ့ဒီလယ်ယာမြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မနေ့ကဆန္ဒပြနေစဉ်မှာ မကွေးမြို့ ရဲစခန်းက တားမြစ်ခဲ့သလို ဆန္ဒပြပွဲအပြီးမှာ ဦးဆောင်သူ ကိုတင်ထွန်းအောင်ကို အမှုဖွင့်ကြောင်း အကြောင်းကြားစာပေးလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org