မစုစုနွေးကို အာမခံနဲ့ လွှတ်ပေး

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆန္ဒပြမှုနဲ့ မနေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင် ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို တွေ့ရစဉ် Photo: AFP

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆန္ဒပြမှုနဲ့ မနေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက်တဲ့တောင်သူ ၅ဦး ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတာလို့ မစုစုနွေးက ပြောပါတယ်။

"ဒါကလူမိုက်တွေငှားပြီး ဖုန်းနဲ့ဆက်ခေါ်ပြီးတော့ ကြိုးနဲ့တုတ်ပြီးတော့ အကြမ်းဖက်တာကို ပြင်ဦးလွင်ခရိုင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကပါအစပေါ့နော် ပြင်ဦးလွင်ခရိုင်မှာ ဌာနဆိုင်ရာအသီးသီးတွေက ဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒါတွေကို ကျမတို့က ပြန်လည်ပြီးဖော်ထုတ်သွားမယ်"

အဲဒီလို ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်တောင်းခံခဲ့တာမရှိတဲ့အတွက် ပါဝင်ဆန္ဒပြခဲ့တဲ့ တောင်သူ ၈ဦးကိုလည်း တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

မစုစုနွေးဟာ ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးဟောပြောပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org