ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လျှက်ရှိ

"ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ပုဂ္ဂိုလ်နေအိမ်တွင် ကျန်းမာစွာရှိနေကြောင်း သိရပါသည်" ဆိုပြီး NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးရဲ့ လူမှုစာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲဝင်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် Photo- Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က အစိုးရအိမ်ရာ အမှတ် ၂၉ မှာပဲ ရှိနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ပုဂ္ဂိုလ်နေအိမ်တွင် ကျန်းမာစွာရှိနေကြောင်း သိရပါသည်" ဆိုပြီး NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးရဲ့ လူမှုစာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။

သမ္မတဦးဝင်းမြင့်ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတအိမ်တော်ကနေ နေပြည်တော် အစိုးရအိမ်ရာ အမှတ် ၂၉ ကို ပြောင်း‌‌ရွှေ့ထားတယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို လက်ရှိနေအိမ်ကနေ ၂ ရက်အတွင်း ဆင်းခိုင်းနေတယ်လို့လည်း ဦးကြည်တိုးရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး စစ်တပ်အာဏာသိမ်းထားတာ ဒီကနေ့ ငါးရက်မြောက်နေ့ရှိပြီဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစိုးရခေါင်းဆောင်တွေကို ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာကြောင့်ဖမ်းတယ်ဆိုတာကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Photo - ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲဝင်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (Reuters)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org