ပါတီထက် တိုင်းပြည်အနာဂတ်က ပိုအရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို
ပါတီရဲ့ အနာဂတ်ထက် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ဒီမိုကရေစီ ရရှိရေးက ပိုပြီး အရေးကြီးတယ်လို့ မတ်လ ၁၄ ရက် ဒီကနေ့ မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သိရပါတယ်။
-
2011-03-14 -
-
-
Your browser doesn’t support HTML5 audio
ဒီကနေ့ မနက် ၁၀ နာရီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ မကွေးတိုင်း တိုင်းစည်း အဖွဲ့ဝင်တွေ ညနေ ၄နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မနက်ပိုင်း အစည်းအဝေး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားနဲ့ ပတ်သက်ပြီး ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလို RFA ကို ပြောပါတယ်။
“တချို့က စိုးရိမ် ပူပန်နေတဲ့ လူတွေလည်း ရှိတော့ ရှိတာပေါ့။ ကျွန်မတို့ကတော့ ဒါကို မစိုးရိမ်ပါဘူး။ အဓိကကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှု ရရှိနေရင်း ပြည်သူနဲ့ တသားတည်း ဖြစ်နေနိုင်လို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်အတွက် ကျွန်မတို့ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ တကယ်တော့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်က အဓိက မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ အဓိက ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ရရှိရေးအတွက်သာ အဓိက ဖြစ်ပါတယ်။ အဲဒါ ဦးတည်ပြီးတော့ ကျွန်မတို့ ပံ့ပိုးနိုင်တဲ့ အကူအညီတွေကို အကြံဉာဏ်ပေးပါလို့ ပန်ကြားချင်ပါတယ်လို့ အဲဒီလို အဖွင့်မိန့်ခွန်း ပြောကြားပါတယ်။”
ဆွေးနွေးပွဲမှာ မကွေးတိုင်း၊ တိုင်းစည်းကိုယ်စား ဦးညွန့်လှိုင်က တင်ပြပြီး မြို့နယ် ၂၂ မြို့နယ်က ဖြစ်စဉ်တွေ၊ အခက်အခဲတွေကို မြို့နယ် စည်းကော်မတီဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေက ဆက်လက်တင်ပြခဲ့ကြရာမှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ က ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။ ညနေ၄နာရီမှာ အစည်းအဝေး သဘာပတိ ဦးတင်ဦးက ကမ္ဘာမှာ အာဏာရှင်ခေတ် မှေးမှိန်နေပြီဖြစ်ကြောင်း ဥပမာတွေနဲ့ တင်ပြပြောဆိုပြီး အစည်းအဝေး ရုပ်သိမ်းလိုက်ပါတယ်။
ဦးတင်ဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |