ကိုဆွေဝင်းအမှုအပေါ် သာသနာရေးဝန်ကြီးဌာနရဲ့ မှတ်ချက်ကို ပါတီ ၉ ခု ကန့်ကွက်

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး မဘသ အဖွဲ့ဝင် ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေ ဟာ ပြစ်မှုမမြောက်ဘူးဆိုတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၉ ခုက မနေ့က ပူးတွဲ သဘောထားကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/ RFA

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး မဘသ အဖွဲ့ဝင် ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေဟာ ပြစ်မှုမမြောက်ဘူးဆိုတဲ့ သာသနာရေး ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါ အဝင် နိုင်ငံရေး ပါတီ ၉ ခုက မနေ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သာသနာရေးဝန်ကြီးဌာနအနေနဲ့ ကိုဆွေဝင်းဘက်က ရပ်တည်တာဟာ အဂတိတရား လိုက်စားတာလို့ ထင်မြင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ် လို့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ဒုတိယဥက္ကဌ ဦးကျော် က ပြောပါတယ်။

"သူ့ရဲ့ အနောက်က ဘယ်သူတွေက  (ကျောထောက်နောက်ခံပြု) ပေးနေလဲ။ ကျနော်တို့ အဲဒီလောက်အထိ လေ့လာတယ်။ သူဘယ်ကနေ လာလဲ။ ဘယ်မှာ သင်တန်းတက်ပြီး ဘာတွေ အထောက်အခံတွေနဲ့ လှုပ်ရှားပြီးလာခဲ့လဲ။ အဲဒီလောက်အထိ ကျနော်တို့ လေ့လာထားပြီးပြီ။ လက်ရှိအနေအထားအရ သူ့နောက်ကွယ်ကနေပြီးတော့မှ သာသနာရေး ဝန်ကြီးဌာနက ရပ်တည်နေ တယ်ဆိုတာကိုက အဂတိတရားကို လိုက်စားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ မြင်တယ်ဗျ။"

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ မဘသ ဆရာတော် ဦးဝီရသူနဲ့ပတ်သက် တဲ့ ပြောကြားချက်၊ ဖော်ပြချက်တွေကြောင့် ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ သာသနာ ညှိုးနွမ်းစေမှု ဥပဒေမုဒ်မ ၂၉၅ (က) တို့နဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

အဲဒီလို အမှုဖွင့် တိုင်ကြားတာတွေနဲ့ပတ်သက်ပြီး ကိုဆွေဝင်းက သာသနာရေး ဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်တောင်းခံရာမှာ ဝန်ကြီးဌာနက ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေ၊ ဖော်ပြချက်တွေဟာ စွပ်စွဲထားတဲ့ ပုဒ်မတွေကို ကျူးလွန်ရာမရောက်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းပြန်ကြားခဲ့ပါတယ်။

သာသနာရေး ဝန်ကြီးဌာနက အဲဒီလို အကြောင်းပြန်တာဟာ ကိုဆွေဝင်းကို တရားရုံးက မဆုံးဖြတ်ရသေးခင်မှာ ကာကွယ်ပေးရာ ရောက်ကြောင်းနဲ့ သာသနာရေး ဝန်ကြီးဌာနအနေနဲ့ တရားစီရင်ရေးကို ဝင်ရောက် စွက်ဖက် ရာရောက်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေး ပါတီ ၉ ခုက သဘောထား ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာ သာသနာကို စော်ကားလိုသူတွေ ပိုများလာနိုင်သလို တရားရုံးကို မထီမဲ့မြင်ပြုတာတွေလည်း များလာနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒီကိစ္စကြောင့် ဘာသာရေး အဓိကရုဏ်းတွေနဲ့ လူစုလူဝေးတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း အဲဒီလိုမတည် ငြိမ်မှုတွေ ဖြစ်လာရင် ဝန်ကြီးဌာနရဲ့ တာဝန်သာဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီ သဘောထား ထုတ်ပြန်ချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ စတဲ့ ပါတီ ၉ ခုက စုပေါင်းပြီး ထုတ်ပြန် တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org