ဦးဝီရသူကို မတောင်းပန်နိုင်ကြောင်း ကိုဆွေဝင်း ပြော

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်း အနေနဲ့ ဆရာတော် ဦးဝီးရသူ ကို ကန်တော့တောင်းပန်ရင် အမှုကို ရုပ်သိမ်းပေးမှာဖြစ်ကြောင်း တရားလို ဦးကျော်မျိုးရွှေက တရားခွင်အပြီးမှာ ပြောခဲ့တဲ့အပေါ် ကိုဆွေဝင်းက မတောင်းပန်နိုင်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ် Photo: Khaymani Win/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now  သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းအနေနဲ့ ဆရာတော် ဦးဝီးရသူ ကို ကန်တော့တောင်းပန်ရင် အမှုကိုရုပ်သိမ်းပေးမှာဖြစ်ကြောင်း တရားလို ဦးကျော်မျိုးရွှေက တရားခွင်အပြီးမှာ ပြောခဲ့တဲ့အပေါ် ကိုဆွေဝင်းက မတောင်းပန်နိုင်ကြောင်း ငြင်းဆို လိုက်ပါတယ်။

တရားရုံးအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က RFA (လွတ်လပ်တဲ့အာရှအသံ) သတင်းဌာနနဲ့ ကိုဆွေဝင်းနဲ့ မေးမြန်းချက် ရုပ်သံဖိုင်ကို သက်သေအနေနဲ့ တင်သွင်းတဲ့အခါ တရားရုံးက လက်ခံခဲ့ပါတယ်။

အဲဒီလို လက်ခံလိုက်တာကိုလည်း ပြန်လည်ပြင်ဆင်နိုင်ဖို့ ခရိုင်တရားရုံးကို ဒီအပတ်အတွင်းမှာ တင်ပြသွားမယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး က ပြောပါတယ်။

ကိုဆွေဝင်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ "ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့(မဘသ) ပြန်လာပြီ၊ ဝီရသူပါရာဇိက ကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး" လို့ ရေးသားခဲ့ပါတယ်။ အဲဒီစာသားတွေကို ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့တွဲပြီး ဖော်ပြခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် မတ်လ ၇ ရက်နေ့က မဟာအောင်မြေ အမှတ် ၇ နယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်တိုင်တန်းခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org