ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည်

ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။

ဆွီဒင်ဝန်ကြီးချုပ် ဟာ မြန်မာနိုင်ငံမှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့ နှစ်ရက် နေထိုင်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဆွီဒင် ဝန်ကြီးချုပ်နဲ့ အတူ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့လည်း လိုက်ပါလာမှာဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ဆွီဒင်နိုင်ငံအစိုးရ အကြီးအကဲတစ်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီး ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီမြှင့်တင်ရေး စီမံချက်တွေ စတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေအတွက် ဆွီဒင်နိုင်ငံ ဟာ မနှစ်က အမေရိကန်ဒေါ်လာ (၁၈)သန်း ကူညီခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org