မြန်မာအပေါ် ပိတ်ဆို့မှု ဆွစ်ဇာလန် ရုပ်သိမ်း
မြန်မာနိင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အများစုကို ဆွစ်ဇာလန်နိင်ငံက ရုပ်သိမ်းလိုက်ကြောင်း မနေ့က Swiss နိုင်ငံခြားရေးဌာနက ပြောကြား လိုက်ပါတယ်။
-
2012-06-14 -
-
-
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း Swiss နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လူထုကို ဖိနှိပ်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းဝယ်မှုကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။