ဒီပဲယင်း ဒေသခံ တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာကို ဇန်နဝါရီ ၇ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ အရပ်သား တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာကို ဇန်နဝါရီ ၇ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ အရပ်သား တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆပ်ပြာကျင်းရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"မနေ့က ညနေ ၅ နာရီကတည်းက ဆပ်ပြာကျင်းကို အရင်ဝင်တယ်။ ပြီးတော့ ဘုတ်ရွာကို ဝင်ကြတယ်။ အဲရွာနှစ်ရွာက ဘေးချင်းကပ်ဆိုတော့ နီးတယ်လေ၊ အခုထိ ရွာထဲတွေမှာ ရှိသေးတယ်။ မီးစရှို့တာ မနေ့ကညကတည်းကပဲ အခုထိ မီးခိုးတော့ တွေ့ရသေးတယ်"

စစ်ကောင်စီတပ်သားတွေ ရွာထဲမှာရှိနေတဲ့အတွက် ရွာသားတွေ အိမ်မပြန်နိုင်သေးသလို ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

နေအိမ် ၃၀၀ နီးပါးရှိတဲ့ ဆပ်ပြာကျင်းရွာမှာ လူဦးရေ ၆၀၀ ကျော် နေထိုင်ပြီး နေအိမ် ၁၀၀ ကျော်ရှိတဲ့ ဘုတ်ရွာမှာ လူဦးရေ ၃၀၀ ကျော်နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org