ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် စတင်ကျင်းပ

ရှမ်းလူငယ် တစ်ရာကျော် တက်ရောက်နေ တဲ့ ပထမဆုံးအကြိမ် ကချင်ပြည်နယ်လုံး ဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် Tai Youth Forum ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်က ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ မေလ ၂၂ ရက်နေ့က ပထမဆုံး အကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် Tai Youth Forum ကျင်းပစဉ် Photo: Kyaw Myo Min/RFA

ရှမ်းလူငယ် တစ်ရာကျော် တက်ရောက်နေတဲ့ ပထမဆုံး အကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် Tai Youth Forum ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာ သီရိရပ်ကွက်က ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။

ရှမ်းလူငယ်ဖိုရမ် ကျင်းပတဲ့ ရည်ရွယ်ချက်ကို ရှမ်းလူငယ်တစ်ဦးဖြစ်တဲ့ ကိုစိုင်းကျော်ဦးက ဒီနေ့အခမ်းအနားမှာ အခုလို ပြောပါတယ်။

"ကျနော်တို့ ရှမ်းလူငယ် စွမ်းရည်မြှင့်တင်ရေးနှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသားရေး လုပ်ငန်းကို စည်းလုံးညီညွှတ်စွာ ဆောင်ရွက်တတ်ရန်၊ လူကြီးတွေရဲ့ တာဝန်တွေကို ကျနော်တို့ လူငယ်မှ မျှဝေခံစားတတ်ရန် ဖြစ်ပါတယ်"

၃ရက်ကြာ ကျင်းပမယ့် ရှမ်းလူငယ်ဖိုရမ်မှာ ပညာရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ အကြောင်းအရာတွေကို တက်ရောက်လာတဲ့ လူငယ်တွေက ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ရှမ်းစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ၊ ဝိုင်းမော်မြို့နယ်က ဝါးရှောင်ဆရာတော်တို့က အမှာစကားပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org