တိုင်ရီ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထား
2012.03.24

ဒီလိုမသွားရောက်ခင် အလုပ်သမားတွေနဲ့ ဥပဒေရေးရာ အတိုင်ပင်ခံ ဦးဖိုးဖြူတို့က စက်ရုံရှေ့မှာ အလုပ်သမားတွေကို သမဂ္ဂဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းတွေကို ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အလုပ်သမားတွေ တင်ပြတဲ့ လျှောက်လွှာကို အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးက မြို့နယ် မှတ်ပုံတင်အရာရှိ ဦးစိုးဝင်းနဲ့ တိုင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးအရာရှိ ဦးဇော်ဇော်ဦးက လက်ခံခဲ့တယ်လို့ သိရပါတယ်။
အခုလို စတင်ဖွဲ့စည်းလိုက်တဲ့ တိုင်ရီ အလုပ်သမားသမဂ္ဂရဲ့ ကနဦး လုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရတဲ့ ဒေါ်မိုးဝေက-
“ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေ အကုန်လုံးကို ဒီသမဂ္ဂဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ ရှင်းပြပေးတယ်။ အခုအချိန်က သမဂ္ဂ မှတ်ပုံတင်တဲ့ ကာလမှာ ဝန်ထမ်းတွေရဲ့ အခြေအနေပေါ့နော်။ ဘယ်လိုမျိုးတွေ အနေအထားမှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာလဲ၊ သူတို့အနေနဲ့ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲ။ အဲဒါတွေကို အသေးစိတ် ကျွန်မတို့ လေ့လာနေပါတယ်”
အခု လျှောက်လွှာတင်လိုက်တဲ့ သမဂ္ဂမှာဒေါ်မိုးဝေက ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ အမှုဆောင်များအဖြစ် ဒေါ်ဝေဝေမာ၊ ဒေါ်ဇင်မာခိုင်၊ ဒေါ်လွင်မော်ဦး၊ ဒေါ်မြင့်မြင့်ထွေးနဲ့ ဒေါ်အေးသင်းသင်းသူ တို့ (၇) ဦး ပါဝင်ပါတယ်။
ဒီသမဂ္ဂ ဖွဲ့စည်းပုံ စည်းမျဉ်းကို ရှေ့နေဦးဖိုးဖြူက ကူညီ ရေးဆွဲပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ သမဂ္ဂ အဖွဲ့ဝင်ပေါင်း (၁၂၆၆) ဦးရှိတယ်လို့ သိရပါတယ်။