အမုန်းတရား ရေးသားနေတဲ့ ဖေ့စ်ဘုတ်အကောင့် ၂ ခုကို အရေးယူဖို့ ဆောင်ရွက်နေ

ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Phirom Yindee အကောင့်ကို တွေ့ရစဉ် Photo: Phirom Yindee's Account

ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ထေကြီး ဝါကြီးဆရာတော်ကြီးတွေရဲ့ပုံတွေ၊ နိုင်ငံတော်အကြီးအကဲတွေရဲ့ပုံတွေကို မဟုတ်မမှန်တွေ ရေးသားပြီး တင်ထားတဲ့အတွက် အရေးယူနိုင်အောင် အခုလိုဆောင်ရွက်တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

"ထေကြီးဝါကြီး ဆရာတော်ကြီးတွေရဲ့ပုံတွေ၊ နောက်စာသားတွေ၊ နိုင်ငံတော်အကြီးအကဲတွေရဲ့ပုံတွေ၊ စာသားတွေကို မဟုတ်မမှန်တွေ ရေးသားပြီးတော့ တင်ထားတဲ့အတွက် ကျွန်နော်တို့က ဆောင် ရွက်ခြင်း ဖြစ်ပါတယ်။"


"ဘုန်း ပြည့်စုံ မင်း " ဆိုတဲ့နာမည်နဲ့ " Phirom Yindee " ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ အကောင့် ၂ ခုကို စုံစမ်းပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က အကြောင်းကြားထားတာ ဖြစ်ပါတယ်။

ဘယ်လိုတွေအရေးယူသွားမယ်ဆိုတာကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ " Phirom Yindee " ဆိုတဲ့ အကောင့်က မဟုတ်မမှန်စာတွေ တင်နေတုန်းဖြစ်ပြီး " ဘုန်း ပြည့်စုံ မင်း" ဆိုတဲ့ အကောင့်ကတော့ လူမှုကွန်ရက်မှာ ရှာလို့မရတော့ပါဘူး။

အဲဒီအကောင့်တွေကနေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဆရာတော်၊ သံဃာတော်တွေ၊ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပုံတွေကို ပြုပြင်ပြီး တင်ထားတာတွေ၊ မမှန်မမှန်စာတွေ၊ အကြောင်းအရာတွေ တင်ထားတာတွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org