တနိုင်းမှာ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဆန်နဲ့ စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့ မရတာကြောင့် ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးမြင့်တက်နေပြီး ဝယ်ယူလို့မရတဲ့အထိ ဆန်ပြတ်လပ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီနေ့ ပြောပါတယ်။
-
2017-12-05 -
-
-
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဆန်နဲ့ စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့မရတာကြောင့် ဆန် တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးမြင့်တက်နေပြီး ဝယ်ယူလို့မရတဲ့အထိ ဆန်ပြတ် လပ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီနေ့ ပြောပါတယ်။
စက်သုံးဆီဈေးတွေလည်း အဆမတန်မြင့်တက်နေပြီး ဆန်က လုံးဝဝယ်ယူလို့မရတော့အောင် ပြတ်သွားတယ်လို့ ဦးဇော်ဝင်း က ပြောပါတယ်။
"ရှင်ဗွေယန်မှာဆိုရင်တော့ လက်ရှိဆန်တစ်အိတ်ကို ၆ သောင်းဖြစ်တယ်၊ ဒါပေမဲ့ ဝယ်လို့မရဘူး၊ ဆန်ကလုံးလုံး ပြတ်သွားတယ်၊ ဒီဇယ်၊ ဓါတ်ဆီတစ်ပေပါကို ပျှမ်းမျှ ၃ သိန်းခွဲ ဝန်းကျင်ရှိတယ်၊ ဒါပေမဲ့ တနိုင်းမှာတော့ အဲလောက်မများဘူး၊ ဒီဇယ်၊ ဓါတ်ဆီ ၂ သိန်းကျော်ကျော် ၂ သိန်း ၁ သောင်းလာက်ပဲ ရှိတယ်၊ တကယ်တမ်း ကျတော့ တနိုင်းနဲ့ ရှင်ဗွေယန်က ၄၂ မိုင်ပဲဝေးတယ်၊ ကုန်ဈေးနှုန်းကကျတော့ အဲလောက်ကြီး ဟနေတယ်။"
၂၀၁၆ ခုနှစ် နိုဝင်ဘာလကစလို့ တနိုင်းနဲ့ ရှင်ဗွေယန်မြို့ဘက်မှာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့လူဦးရေအလိုက်ပဲ ခွဲတန်းနဲ့ သယ်ယူခွင့်ပေးထားတာဖြစ်ပါတယ်။
ရှင်ဗွေယန်မြို့မှာဆိုရင် တစ်လကို စက်သုံးဆီပေပါ အလုံး ၃၀၀ ဆန်အိတ်ပေါင်း ၃၉၃၀ ပဲ သယ်ယူခွင့်ပေးထား တာ ဖြစ်ပေမယ့် တပ်ပိုင်းဆိုင်ရာနဲ့ ရုံးဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှု ကြန့်ကြာမှုတွေကြောင့် ၂ လတစ်ခါသာ ခွဲတန်းရကြတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြည်နယ်လွှတ်တော်မှာ ဆန်နဲ့ စက်သုံးဆီတွေ လွတ်လွတ် လပ်လပ် သယ်ယူခွင့်ရဖို့ဆိုတဲ့ အရေးကြီးအဆိုတင်ခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လပိုင်းတုန်းက အဆိုအောင်မြင်ထား ခဲ့ပေမဲ့ လက်ရှိအချိန်အထိ ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ လည်း ပြောပါတယ်။
အဲဒါကြောင့် ဦးဇော်ဝင်းက မနေ့က ကချင်ပြည်နယ် လွှတ်တော်မှာ တနိုင်းမြို့နယ်ကို စက်သုံးဆီနဲ့ ဆန်ကုန်တင် ယာဉ်တွေ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုရေးနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းရာ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က တရားဥပဒေ မစိုးမိုးနိုင်တဲ့ဒေသတွေမှာ ကေအိုင်အေကို ဆက်ကြေးပေးဆောင်ပြီး တရားမဝင် ရွှေနဲ့ ပယင်းတွေ တူးဖော်လုပ်ကိုင်မှုမပြုနိုင်ဖို့ ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့်ကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က စိစစ်ဆောင်ရွက်နေတာလို့ ဖြေကြားခဲ့ပါတယ်။