ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီး ချုပ်ပြော

ကျောက်မီးသွေးသုံး ဓာတ်အားပေးလျှပ်စစ် စက်ရုံတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အ ထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က မနေ့က ပြောကြားခဲ့ပါတယ်။

ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုုပ် ဒေါက်တာလဲ့လဲ့မော် ကို ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: tanin tharyi regional grovement (facebook)

ကျောက်မီးသွေးသုံး ဓာတ်အားပေးလျှပ်စစ်စက်ရုံတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က မနေ့က ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရက ဖိအားပေးတာတွေရှိပေမယ့် သူတာဝန်ယူနေစဉ်ကာလအတွင်း လုပ်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မနေ့က ရှင်းလင်းပွဲပြု လုပ်ရာမှာ သတင်းသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းက ဒေသခံတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို လက်မခံကြောင်း ဆန္ဒပြတာတွေရှိနေတဲ့အပြင် လျှပ်စစ်ရရှိဖို့အတွက် တခြားရင်းမြစ်တွေရှိနေတာကြောင့် မလုပ်တာဖြစ်တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

လက်ရှိမှာတော့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွေကို ကုမ္ပဏီတွေက သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အား ဖြန့်ပေးနေတာဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်း မရရှိသေးတဲ့ မြိတ်ခရိုင်နဲ့ ကော့သောင်း ခရိုင်တွေမှာတော့ ပုဂ္ဂလိက လျှပ်စစ်မီးနဲ့ တစ်ယူနစ်ကို ကျပ် ၄၀၀ ကနေ ၆၀၀ အထိပေးပြီး သုံးစွဲနေရတာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org