မူးယစ်ဆေး အမှုလိုက်သူ ရဲသား ခုခံပစ်ခတ်မှုကြောင့် သေဆုံးရ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဆေးရုံလမ်း အနီးမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထွက်ပြေးနေသူကို လိုက်လံ ဖမ်းဆီးရင်း ခုခံပစ်ခတ်မှုကြောင့် ရဲတပ်ဖဲ့ွဝင်တစ်ဦး သေနတ် ပစ်ခံရပြီး မနေ့က သေဆုံးသွားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဆေးရုံလမ်းအနီးမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထွက်ပြေးနေသူကို လိုက်လံဖမ်းဆီးရင်း ခုခံပစ်ခတ်မှုကြောင့် ရဲတပ်ဖဲ့ွဝင်တစ်ဦး သေနတ်ပစ်ခံရပြီး မနေ့က သေဆုံးသွားပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေသူက သေနတ်နဲ့ပစ်ပြီး ခုခံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် သေနတ် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ထားဝယ်မြို့နယ်ရဲစခန်းက ဒု-ရဲအုပ် အောင်မျိုးထွန်းက ပြောပါတယ်။

"သတင်းရလို့သွားဖမ်းတယ် သွားဖမ်းတဲ့အခါကျတော့ အခန်းမှားဝင်တဲ့ပုံစံဖြစ်သွားတာပေါ့၊ ကျနော်တို့ သတင်းရထားတဲ့ဒီအခန်းက တရားခံက တခြားအခန်းရောက်နေတယ်၊ အဲ့ဒီတော့ တရားခံက ထွက်ပြေး သွားတယ်၊ သေနတ်ပါတယ်ဆိုတာ မသိလိုက်ဘူးဗျ၊ လိုက်တော့ သေနတ်ပစ်တော့မှ သေနတ်ပါမှန်း သိတယ်လေ၊ သေနတ်ပါမှန်းသိတဲ့အခါကျတော့ နောက်ကလိုက်ရင်းနဲ့ အဲ့ဒီမှာ လက်မောင်းမှန်ပြီးတော့ ဆုံးသွားတာပေါ့၊ သေတာက လက်မောင်းကနေမှန်တယ်ဗျာ ပြီးတော့ လက်မောင်းအထဲကနေပြီးတော့ သူကနံကြားထဲကိုဝင်သွားတာ အဆုတ်ကိုထိတယ်"

သေနတ်နဲ့ပြန်လည်ပစ်ခတ်သူ အပါအဝင် (၅) ဦးကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org