တနင်္သာရီဂျာနယ် ခရိုင်တရားရုံးကို အယူခံဝင်

"မဲဆွယ်အပြုံး" သရော်စာ ဖော်ပြခဲ့တာကြောင့် တနင်္သာရီဂျာနယ်ကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့တာကို ထားဝယ်ခရိုင်တရားရုံးမှာ မနေ့က အယူခံဝင်လိုက်တယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင် က ပြောပါတယ်။

တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ် Photo: Dawei Watch

"မဲဆွယ်အပြုံး" သရော်စာ ဖော်ပြခဲ့တာကြောင့် တနင်္သာရီဂျာနယ်ကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့တာကို ထားဝယ်ခရိုင်တရားရုံးမှာ မနေ့က အယူခံဝင်လိုက်တယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင် က ပြောပါတယ်။

ကလောင်ရှင် မူးဆေးအို ရေးသားတဲ့ မဲဆွယ်အပြုံး သရော်စာကို တနင်္သာရီဂျာနယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီသရော်စာကြောင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို ထောင်ဒဏ် ၆ လ (ဒါမှမဟုတ်) ဒဏ်ငွေ ၅ သိန်းပေးဆောင်ဖို့ ထားဝယ်မြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဒီအယူခံကို ခရိုင်တရားရုံးက လက်ခံ မခံကို လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org