ကလေးစစ်သားနိုင်ငံစာရင်းထဲ က မြန်မာ နဲ့ အီရတ်ကို အမေရိ ကန် ဖယ်ရှားမည်
အမေရိကန် အစိုးရရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ကလေး စစ်သားသုံးစွဲတဲ့ နိုင်ငံများစာရင်း ထဲမှာ ဒီနှစ် မြန်မာ နဲ့ အီရတ် ကို နိုင်ငံခြားရေးဝန်ကြီး Tillerson က စာရင်းထဲကနေ ဖယ်ရှားဖို့ စီ်စဉ်နေတယ်လို့ ရိုက်တာသတင်း က ဖေါ်ပြပါတယ်။
-
2017-06-25 -
-
-
အမေရိကန် အစိုးရရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ကလေးစစ်သားသုံးစွဲတဲ့ နိုင်ငံများစာရင်းထဲမှာ ဒီနှစ် မြန်မာ နဲ့ အီရတ် ကို နိုင်ငံခြားရေးဝန်ကြီး Tillerson က စာရင်းထဲကနေ ဖယ်ရှားဖို့ စီ်စဉ်နေတယ်လို့ ရိုက်တာသတင်း က ဖေါ်ပြ ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူတွေနဲ့ အကြီးတန်းသံတမန်တွေရဲ့ အဆိုပြုချက်တွေကို ဘေးဖယ်ပြီး ဆုံးဖြတ်လိုက်တာလို့ အစိုးရအရာရှိ သုံးဦးက အတည်ပြုခဲ့ကြပြီး၊ ဒါဟာ နိုင်ငံခြားရေးဌာန ရဲ့ အစဉ်အလာကို ချိုးဖျက်လိုက်တာဖြစ်ကြောင်းပြောဆိုတယ်လို့ လည်း ရိုက်တာက ဆိုပါတယ်။
ဒါ့ပြင် ကလေးစစ်သားသုံးစွဲတဲ့ နိုင်ငံများစာရင်းထဲမှာ အာဖဂန်နစ္စတန်ကို ထည့်သွင်းဖို့ နိုင်ငံခြားရေးဌာန က ကျွမ်းကျင်သူတွေ ရဲ့အဆိုကိုလည်း နိုင်ငံခြားရေးဝန်ကြီး Tillerson က ပယ်ချခဲ့တယ်လို့ သိရပါတယ်၊
သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ လူ့အခွင့်အရေးကိစ္စထက် လုံခြုံရေးနဲ့ သံရေး တမန်ရေး အကျိုးအမြတ်ကို ပိုပြီး ဦးစားပေးတယ်ဆိုတဲ့ စွက်စွဲချက်တွေ ပေါ်ထွက်လာနိုင်တယ်လို့လည်း ရိုက်တာက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပင်တဂွန် စစ်ဌာနချုပ်ရဲ့ သဘောထားကို ရိုက်တာက မေးမြန်းခဲ့ရာမှာ တစ်စုံတရာ မှတ်ချက် မပေးသေးဘူးလို့ သိရပါတယ်။