တောင်ကြီးမှာ ၆၆ ဃ ကို သတင်းထောက်တွေဆန္ဒပြ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို ပယ်ဖျက်ပေးဖို့နဲ့ ရှမ်းပြည်နယ်လွှတ်တော် အတွင်း လွတ်လပ်စွာ သတင်းရယူခွင့်ပေး ဖို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ သတင်းထောက် ၁ဝ ယောက်လောက်က ဒီကနေ့ တောင်း ဆို ကြပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို ပယ်ဖျက်ပေးဖို့နဲ့ လွှတ်တော်အတွင်း လွတ်လပ်စွာ သတင်းရယူခွင့်ပေးဖို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ သတင်းထောက်တွေ ဇွန်လ ၁၅ ရက်နေ့ မှာ ဆန္ဒပြစဉ် Photo: Khun Yazar

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို ပယ်ဖျက်ပေးဖို့နဲ့ ရှမ်းပြည်နယ်လွှတ်တော်အတွင်း လွတ်လပ်စွာ သတင်း ရယူခွင့်ပေးဖို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ သတင်းထောက်  ၁ဝ ယောက်လောက် က ဒီကနေ့ တောင်းဆို ကြပါတယ်။

ဆန္ဒပြတောင်းဆိုပွဲကို တောင်ကြီးသတင်းထောက်အသင်းက သတင်းထောက်တွေ စုပေါင်းပြီး လုပ်ဆောင်ခဲ့ တာဖြစ်တယ် လို့ အသင်းရဲ့အလုပ်မှုဆောင်အဖွဲ့ဝင် The People Voice ဂျာနယ်က အယ်ဒီတာ ကိုခွန်ရာဇာ ကပြောပါတယ်။

"တောင်ကြီးသတင်းထောက် အသင်းအနေနဲ့ပေါ့လေ သတင်းထောက်တွေစုပြီးတော့မှ ဒီလက်ပတ်ဖြူပတ် တယ်။ 66 D ကိုအလိုမရှိဆိုတဲ့ ဗီနိုင်းရယ်၊ ပြီးတော့ ဒီရှမ်းပြည်နယ်လွှတ်တော်မှာ သတင်းလွတ်လပ်စွာ ရယူခွင့် ရရှိရေး အဲဒီဗီနိုင်းရယ်ပေါ့ ဗိုလ်ချုပ်ပန်းခြံမှာ မတ်တပ်ရပ်ပြီးတော့မှ ဆန္ဒပြတဲ့ပုံစံလိုမျိုးလုပ်သွား တယ်။ "

သတင်းမီဒီယာသမားတွေကို အရေးယူဆောင်ရွက်ရာမှာ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူနိုင် တာကြောင့်  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ မလိုအပ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်လွှတ်တော်မှာ သတင်းရယူတဲ့အခါ အစည်းအဝေးအတွင်း Sky Net ၊ မြန်မာ့အသံ နဲ့ တိုင်းရင်းသားအစီစဉ်ဖြစ်တဲ့ NRC မီဒီယာသုံးခုကလွဲပြီး ကျန်မီဒီယာတွေ ဝင်ရောက်သတင်းယူခွင့် ကန့်သတ်ထား တာကိုလည်း ပြင်ဆင်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

လွှတ်တော်အတွင်း မီဒီယာကော်နာ ထားပေးတာမျိုးမရှိကြောင်းနဲ့ လွှတ်တော်သတင်းတွေကို အပြင်ဘက် တီဗီ ဖန်သားပြင်ကနေသာ သတင်းရယူခွင့်ပေးထားတာကြောင့် ရုပ်သံသတင်း ရိုက်ကူးရာမှာ အခက်အခဲတွေ ရှိနေ တယ်လို့လည်း ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရသူ ၇ဝ ဝန်းကျင်ရှိနေပြီဖြစ် ပြီး အဲဒီအထဲမှာ သတင်းမီဒီယာသမားတွေလည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org