တောင်ကုတ်ကနေလာတဲ့ ယာဉ်တိမ်းမှောက်မှု ၅ ဦးသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်ကိုသွားတဲ့ လူဦးရေ ၅၀ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ပန်းတောင်းမြို့နယ်အတွင်းမှာ မနေ့ညက ချောက်ထဲထိုးကျခဲ့ရာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ပန်းတောင်းမြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့ညက ကားချောက်ထဲထိုးကျတာကြောင့် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်နေစဉ် Photo: Sai Zann Myat Aung facebook

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်ကိုသွားတဲ့ လူဦးရေ ၅၀ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ပန်းတောင်းမြို့နယ်အတွင်းမှာ မနေ့ညက ချောက်ထဲထိုးကျခဲ့ရာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဥသျှစ်ပင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ပြောပါတယ်။

"သေဆုံးတာက ၅ ယောက်ပါ၊ ကျား ၃၊ မ ၂၊ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရတာပေါ့၊ ဥသျှစ်ပင်ဆေးရုံမှာတော့ ကျား ၂၅ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၄၀၊ ဆေးရုံတက်ကုနေတယ်၊ နာရေးအဖွဲ့တွေသွားပြီးတော့ ကူညီလုပ်ကိုင်ပေးနေတယ်"

တောင်ကုတ်မြို့နယ် နတ်မော်နဲ့ ရွှေတောင်သာကျေးရွာတွေကနေ ရန်ကုန်မြို့ ဒလမြို့နယ်မှာ ဆွေမျိုး ဦးဇင်း တစ်ပါး ပျံလွန်တော်မူတာကို ကားစီးလုံးငှားပြီး သွားရောက်ကြရာမှာ ပန်းတောင်းမြို့နယ်အရောက်မှာ မြူတွေ ဆိုင်းနေပြီး လမ်းကွေ့မှာ ချောက်ထဲ ထိုးချသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဥသျှစ်ပင်ဆေးရုံမှာ ပို့ဆောင်ထားတဲ့ ဒဏ်ရာရသူ ၄၀ ကျော်အနက် ၆ ဦးမှာ စိုးရိမ်ရပြီး နောက်ထပ်လူနာတစ်ဦး ကိုလည်း ပြည်မြို့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့သိရပါတယ်။

ကားပေါ်လိုက်ပါလာသူအားလုံးကို ညတွင်းချင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org