တောင်ငူဗုံးကွဲမှု ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကန်လမ်းမှာရှိတဲ့ ချမ်းမြေ့တည်းခိုခန်းမှာ မနေ့ည ၈ နာရီခွဲကျော်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကန်လမ်းမှာရှိတဲ့ ချမ်းမြေ့တည်းခိုခန်းမှာ မနေ့ည ၈ နာရီခွဲကျော်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ စုံစမ်းစစ်ဆေးနေတဲ့ မြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပေါက်ကွဲဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး အတည်ပြုပြောဆိုခဲ့ပါတယ်။

"စဖြစ်တာက ည ၈ နာရီ ၅၀ မှာဖြစ်တယ်၊ တစ်ဦးဒဏ်ရာရတယ်၊ နှစ်ဦးသေတယ်၊ တောင်ငူမြို့မ ရဲစခန်းအပိုင်၊ မြို့မရဲစခန်း မြောက်ဘက် ချမ်းမြေ့တည့်ခိုခန်းမှာ ဖြစ်တာ"

သေဆုံးသူ ၂ ဦးကတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဒီထက်ပိုပြီး အသေးစိတ် မပြောနိုင်သေးဘူးလို့ အဲဒီရဲအရာရှိက ပြောပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org