ပုဒ်မ ၃ ခုပြင်ဆင်ရေး တောင်ငူမှာ ဆန္ဒပြ
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ် ထားတဲ့ ပုဒ်မ ၅၉(စ) (ဃ) အပါအဝင် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ ပဲခူးတိုင်းဒေသကြီး တောင် ငူမြို့မှာ ဒေသခံပြည်သူ နှစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
-
2014-01-20 -
-
-
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတဖြစ် ခွင့် အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) (ဃ) အပါအဝင် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒေသခံပြည် သူ နှစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပြဌာန်းချက်တွေကို ကန့်ကွက် ဆန္ဒပြရတာလို့ တောင်ငူမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က ပြောပါတယ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံအရ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် ဆိုတာ ပေးထားတဲ့အခွင့်အရေး ရှိနေပါရက်နဲ့ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေကို ခွင့်ပြုချက်တောင်းရတာမျိုးက ဒီနေ့အခြေ အနေမျိုးနဲ့ဆိုရင် မသင့်တော်ဘူး။ ၅၀၅ (ခ) နဲ့ပတ်သက်ပြီးတော့လည်း ဒီမိုကရေစီရေး လှုပ်ရှားတဲ့သူတွေ၊ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို ဖမ်းဆီးဖို့ အရေးယူဖို့လုပ်ထားတဲ့ ဒါကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ၅၉ (ဃ) နဲ့ (စ) ပေါ့။ ဒါတွေကိုလည်း ကျနော်တို့ ဒီနေ့ ကန့်ကွက်ပါတယ်။"
နိုင်ငံတော်သမ္မတ အရည်အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ)(ဃ)ကို ပြင်ဆင်ပေးဖို့၊ တရားမဝင် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ပြင်ဆင်ပေးဖို့နဲ့ ပုဒ်မ ၅၀၅ (ခ) ကို ဖျက်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြကြသူတွေဟာ တောင်ငူမြို့ပေါ်က ကန်လမ်း၊ ကုန်သည်ကြီးလမ်းနဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းတို့မှာ စီတန်းလှည့်လည်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဒီနေ့ဆန္ဒပြပွဲကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။