တောင်သာမြို့နယ် NLD ရုံးကို စစ်ကောင်စီ ပစ်ခတ်ဖျက်ဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို သြဂုတ်လ ၂၂ ရက်နေ့ မနေ့ညက အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၅ ယောက် ခန့် ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို တွေ့ရစဉ် Photo: CJ

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို သြဂုတ်လ ၂၂ ရက်နေ့ မနေ့ညက အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၅ ယောက်ခန့် ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေနတ်တွေနဲ့ အချက်ရေ ၁၀၀ ကျော်လောက် ပစ်ခတ်သွားတဲ့အပြင် လက်လုပ်ဗုံးလို့ယူဆရတဲ့ ဗုံးနဲ့လည်း ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရုံးမျက်နှာစာမှာရှိတဲ့မှန်တွေ တော်တော်များများ ပျက်စီးသွားပါတယ်။

အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အဲဒီရုံးကို စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်လာပြီး ကွန်ပြူတာ၊ ပရင်တာနဲ့ မိတ္တူကူးစက်အပါအဝင် ရုံးထဲမှာရှိတဲ့ ပစ္စည်းအချို့ကို ယူဆောင်သွားပြီးနောက် ရုံးကိုပါချိတ်ပိတ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တောင်သာမြို့နယ် NLD ပါတီရုံးကို ၂၀၁၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org