စွပ်စွဲရေးသားသူတွေကို အရေးယူပေးဖို့ USDP ပြော

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူအုပ်စုတစ်စုက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခဲနဲ့ပေါက်ဖျက်စီးမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခိုင်းစေတာလို့ စွပ်စွဲတဲ့ စာသားတွေ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ တင်ခဲ့သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူစုလူဝေးဖြစ်ပွားနေသည်ကို တွေ့ရစဉ် .

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူအုပ်စုတစ်စုက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခဲနဲ့ပေါက်ဖျက်စီးမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခိုင်းစေတာလို့ စွပ်စွဲတဲ့စာသားတွေ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ တင်ခဲ့ သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တောင်တွင်းကြီးကိစ္စမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေပေးပြီးခိုင်းစေတာလို့ လူမှုကွန်ရက်မှာတင်တဲ့ အကောင့် ပိုင်ရှင်တွေကို  ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ မြို့နယ်တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"အခုတောင်တွင်းကြီးဖြစ်တဲ့ကိစ္စမှာ ကျနော်တို့ ပိုက်ဆံပေးစေခိုင်းပါတယ်လို့ Online မှာ တရားဝင်တင်ပြီးတော့ မှ ပြောဆိုထားတဲ့ Record တွေ ကျနော်တို့မှာရှိတယ်၊ အဲ့အကောင့်ပိုင်ရှင်တွေကို ဥပဒေနဲ့အညီ ပြင်းပြင် ထန်ထန် အရေးယူသွားဖို့အတွက်ကို သက်ဆိုင်ရာမြို့နယ်ပါတီတွေကို ကျနော်တို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်"

အဲ့လိုလူမှုကွန်ရက်မှာ ရေးသားခဲ့သူ ၂ ဦးရှိပြီး သူတို့တွေဟာ တောင်တွင်းကြီးနဲ့ သရက်မြို့တွေမှာ နေထိုင်ကြ သူတွေလို့ သိထားကြောင်းလည်း ပြောပါတယ်။

သူတို့တွေဟာ တောင်းတွင်းကြီးဖြစ်စဉ်ဖြစ်ပြီး နောက်ရက် စက်တင်ဘာလ ၁၁ ရက်နေ့မှာ လူမှုကွန်ရက်မှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ကို လူအုပ်စုတစ်စုက ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး ဆူပူမှု၊ ဥပဒေမဲ့အစုအဝေးမှာ ပါဝင်မှု၊ အကျိုး ဖျက်ဆီးမှု စတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂ နဲ့ ၁၅၃ တို့နဲ့ တောင်တွင်းကြီး မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org