တောင်တွင်းကြီးက ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား

မကွေးတိုင်း တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်က ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်း ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက် မနေ့ညပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်က ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်းကို တွေ့ရစဉ် Photo: CJ

မကွေးတိုင်း တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်က ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်း ဆိုသူကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက် မနေ့ညပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

မနေ့ည ၁၀ နာရီခွဲ အချိန်လောက်မှာ စစ်သားတွေနဲ့ ရဲတွေက နေအိမ်မှာရှိနေစဉ် လာခေါ်သွားတာဖြစ်ပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မသိရဘူးလို့ ကိုစိုင်းစံဟ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

''ည ၁၀ ခွဲလောက်မှာ ရဲတွေ အရပ်ဝတ်နဲ့ စစ်သားတွေလည်းပါတယ်။ စစ်ကား အသေးလေးနဲ့ လာခေါ် သွားတာ။ ဘာကြောင့် ခေါ်တယ်ဆိုတာလည်း မသိရသလို ဘယ်ကိုခေါ်သွားတယ် ဆိုတာလည်း မသိရသေးဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် ပြည်သူတွေဘဝတွေက မလုံခြုံတော့ပါဘူး''

ကိုစိုင်းစံဟဟာ ဆံပင်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ လတွေတုန်းက ဆန္ဒပြပွဲတွေမှာ ရံဖန်ရံခါ ပါဝင်တတ်သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံအားပေးသူ တစ်ယောက်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org