ကရင်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး နုတ်ထွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးကို နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးကို တွေ့ရစဉ် Photo: Tayza - facebook

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးကို နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဦးတေဇထွဋ်လှိုင်ထွေးဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ကလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်ကို နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်တာလို့ သိရပါတယ်။

မေလအတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်နှစ်ဦး နုတ်ထွက်ခဲ့တာဖြစ်ပြီး လစ်လပ်နေရာတွေအတွက် ရွေးချယ်တာတွေ မပြုလုပ်ရသေးပါဘူး။

နုတ်ထွက်ခဲ့တဲ့ ဦးတေဇထွဋ်လှိုင်ထွေးနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org