ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးကို တမူးမှာ ဖမ်းဆီးစစ်ဆေး

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦး ကို တမူးမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

တမူးမြို့နယ်မှာဖမ်းမိတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနဲ့ မြန်မာနိုင်ငံသူ ၁ ဦးကို တွေ့ရစဉ် ဓါတ်ပုံ - ရဲဇာနည်

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦး ကို တမူးမြို့နယ် ရဲစခန်းက ဖမ်းဆီးရမိထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့က တမူးမြို့နယ် မန်မော်ကျေးရွာအထွက် တမူး-ကလေးကားလမ်းမပေါ်မှာ မန္တလေးမြို့ကို သွားမယ့်ကားတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာစစ်ဆေးနေတယ်လို့ တမူးမြို့နယ်ရဲစခန်းက အမှုစစ်အရာရှိဒု-ရဲအုပ် လှဆန်းဝေ က RFA ကိုပြောပါတယ်။

သူတို့ ၁၀ ဦးကို ဒေါ်ကေသီနွယ် ဆိုသူက ဦးဆောင်ခေါ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်- ဗုဒ္ဓဘာသာတွေဖြစ်တယ်လို့ ရဲစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သူတို့ ၁၀ဦးကို တောင်သူတွေလို့ ဖော်ပြထားပြီး ခေါ်ဆောင်လာတဲ့ ဒေါ်ကေသီနွယ်ကတော့ တမူးမြို့မှာနေထိုင်သူဖြစ်တယ်လို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။

သူတို့အားလုံးကို မြန်မာနိုင်ငံတွင်း တရားမဝင်ဝင်ရောက်လာတဲ့အတွက် လဝကအက် ၁၃(၁)၊ ၁၃ (၅) နဲ့ အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org