လုံခြုံရေးတပ်ဖွဲ့နဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ပစ်ခတ် မှုဖြစ်ပွား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေကျေး ရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေအကြား မနေ့က ပစ်ခတ် မှုဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်သမားနှစ်ဦး သေ ဆုံးပြီး နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားတွေဆီက သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများကို တွေ့ရစဉ် Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေအကြား မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်သမားနှစ်ဦး သေဆုံးပြီး နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ မနေ့ကရက်စွဲနဲ့ထုတ်ပြန်ချက်မှာ ကင်းလှည့်ဆောင် ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တင်းမေကျေးရွာမှာရှိတဲ့ ဖွေယော့အစ္စလာမ်ရဲ့ နေအိမ်အတွင်းကနေ လက်နက်ငယ်တွေနဲ့ အတွဲလိုက် အချက် ၂၀ လောက်ပစ်ခတ်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းပိတ်ဆို့ပြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရပြီး အကြမ်းဖက်သမားတွေက မိုင်းတစ်လုံးဖောက်ခွဲကာ ထပ်မံတိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နေအိမ်အတွင်းက ပြေးထွက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်သမား ၃ ဦးကို ဖမ်းဆီးပစ်ခတ်ခဲ့ရာ မှာ နှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေအိမ်ကို ဆက်လက်ရှင်းလင်းရာမှာ သေနတ်တွေ၊ ကျည်အိမ်ကျည်ခွံတွေ၊ အသက်သွင်းထားတဲ့ ရီမုမိုင်းတစ်လုံးနဲ့ မိုင်းလုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေ၊ ဘင်္ဂလားဒေ့ရ်ှတာကာငွေစက္ကူတွေနဲ့ စကားပြောစက်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

အဲဒီအထဲက မီးလောင်ကျွမ်းထားတဲ့ ဘီအေ ၉၄ သေနတ် ၁ လက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင်နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် အကြမ်းဖက်တိုက်ခိုက်ခံရစဉ်က ပါသွားတဲ့ သေနတ်ဖြစ်တယ်လို့လည်းသိရပါတယ်။

အဲဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာတင်းမေကျေးရွာနဲ့ ပတ်ဝန်းကျင်တစ်လျှောက် နယ်မြေရှင်းလင်းတာတွေဆောက်ရွက်နေပြီး ဖမ်းဆီးရမိသူတွေကိုလည်း စစ်မေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org