တန့်ဆည်မြို့က စစ်ကောင်စီသတင်းပေး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မနက်က စစ်ကောင်စီသတင်းပေး ပျူစောထီးလို့ နာမည်ကြီးသူ ဦးဝင်းဆန်းဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ တန့်ဆည်မြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-09-17
-
-
-
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မနက်က စစ်ကောင်စီသတင်းပေး ပျူစောထီးလို့ နာမည်ကြီးသူ ဦးဝင်းဆန်းဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ တန့်ဆည်မြို့နယ် ဒေသခံတွေက RFA ကိုပြောပါတယ်။
ငှက်ပျောတောရွာအနီးက မူးဘောင် (တာဘောင်) မှာ ပစ်သတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၀င်းဆန်းဦးဆိုတာက ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကပေါင်းကကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးရာမှာ ပါ၀င်ခဲ့တဲ့သူဖြစ်တယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေကတော့ သတင်း ပေးတွေကို လိုက်ရှင်းနေတာရှိတော့ သူတို့လက်ချက်ပဲနေမှာပါ” လို့ ဒေသခံကဆိုပါတယ်။
ဦးဝင်ဆန်းဦး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
တန့်ဆည်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မဆက်ဆံဖို့၊ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေ ပတ်၀န်းကျင်ကိုမသွားလာဖို့နဲ့ အိမ်စီးကားတွေ အနေနဲ့လည်း မှန်ချမောင်းဖို့ အချက်တွေ အပါအဝင် အချက်ခုနစ်ချက်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က မေလကုန်ကတည်းက အသိပေးကြညာ ထားပါတယ်။