ထိုင်းဒုဝန်ကြီးချုပ် မဲဆောက်ရောက်နေ
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်တဲ့ မြဝတီကုန်သွယ်ရေး အမှတ် (၂) တံတားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုင်းအစိုးရ အကြီးအကဲတွေ ရောက်လာတာဖြစ်ပါတယ်။
- 2024-04-23
-
-
-
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ပရီ ဖဟီထာ နုကွန် (Parnpree Bahiddha-Nukara) ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ဒီကနေ့မွန်းလွဲပိုင်းမှာ ရောက်လာပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မဲဆောက်ကို သူကိုယ်တိုင်သွားမယ်လို့ ကြေညာထားပေမဲ့ ဒီနေ့သူ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒုဝန်ကြီးချုပ်ကိုပဲ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ခရီးစဉ်ဖျက်သိမ်းလိုက်လဲဆိုတာကိုတော့ ဝန်ကြီးချုပ်က ပြောဆိုခြင်းမရှိပါဘူး။
ဒုဝန်ကြီးချုပ်ပန်ပရီ နဲ့အတူ ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဝီရာကူ (Anutin Charnvirakul ) လည်းလိုက်ပါခဲ့ပြီး မြန်မာနဲ့ထိုင်းနယ်စပ်က အခြေအနေတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ညနေပိုင်းမှာတော့ ဒုဝန်ကြီးချုပ်ဟာ မဲဆောက်လေဆိပ်ခန်းမဆောင်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတယ်လို့ RFA သတင်းထောက်ကပြောပါတယ်။