မြန်မာအများစုရှိတဲ့ ထိုင်း ဆိုးဆေးစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား

ထိုင်းနိုင်ငံ စမုတ်ပရာကန်မှာ အဝတ်အထည် ဆိုးဆေး စက်ရုံ တစ်ရုံက ဘွိုင်လာအိုးကြီးတစ်လုံး ပေါက်ကွဲခဲ့ တာကြောင့် မြန်မာအများစုပါဝင်တဲ့ အလုပ်သမား ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ စမုတ်ပရာကန်မှာ အဝတ်အထည် ဆိုးဆေးစက်ရုံတစ်ရုံက ဘွိုင်လာအိုးကြီးတစ်လုံး ပေါက်ကွဲခဲ့ တာကြောင့်  မြန်မာအများစုပါဝင်တဲ့ အလုပ်သမား ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ မနက် ငါးနာရီ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အဲဒီ စက်ရုံမှာ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြကြောင်း သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အလုပ်သမား (၅)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြပြီး၊ စမုတ်ပရာကန် ဆေးရုံကို အမြန်ပို့လိုက်ရတယ်လို့ ရဲ ကပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မြန်မာ ဘယ်နှစ်ယောက် ပါတယ် ဆိုတာမသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org