နိုင်ငံကူးလက်မှတ် လျှောက်ထား သူတွေကို ငွေပိုကောက်ခံတာရှိရင် တိုင်ကြားဖို့ မြန်မာသံမှူး ပြော

ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေ ပူးပေါင်း ပြီး နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူတွေဆီ ကနေ ငွေကြေးပိုမိုကောက်ခံနေတယ်ဆိုတာကို အထောက် အထား အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူဆောင်ရွက် သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကို တွေ့ရစဉ်

ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေပူးပေါင်းပြီး နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထား သူတွေဆီကနေ ငွေကြေးပိုမိုကောက်ခံနေတယ်ဆိုတာကို အထောက်အထား အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။

သံရုံးကို တရားဝင်တိုင်ကြားနိုင်ပြီး သံရုံးအနေနဲ့ အဲလိုအဖြစ်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။

"သံရုံးအနေနဲ့ လုံးဝဘယ်လိုနည်းနဲ့မှ အဲဒီလိုမျိုးအဖြစ်မခံဘူး၊ အဲလိုမျိုးဖြစ်တယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင်တိုင်ကြားလို့ရတယ်၊ ကျနော်တို့ ဖော်ထုတ်အရေးယူပါ့မယ်။ အတိအကျသိရင်  တိုင်လို့ရပါတယ်၊ ကျနော်တို့လည်း အတိအကျသိရင် အရေးယူပါမယ်"

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးနဲ့ ပွဲစားတွေ ပူးပေါင်းပြီး နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေကို သတ်မှတ်ချက်ထက် ပိုပြီးငွေကြေးတောင်း ခံနေတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တိုင်ကြားစာပေးပို့လိုက် တာဖြစ်ပါတယ်။

သံရုံးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကောင်တာမှာ တိုက်ရိုက်သွားတင်လို့မရဘဲ ပွဲစားကတဆင့် သွားတင်ရတဲ့အတွက် အပိုကြေးအဖြစ် ထိုင်းငွေ ဘတ် ၃၀၀ ကောက်ခံနေတာလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။

"နိုင်ငံကူးလက်မှတ်ကောင်တာကို တိုက်ရိုက်သွားတင်လို့မရဘူး၊ အဲကောင်တာရှေ့မှာ စားပွဲချပြီးတော့ ထိုင်နေတဲ့ ပွဲစားဆီမှာသွားတင်ရတယ်။ အဲဒီလိုတင်ခအတွက် ၃၀၀ အသားလွတ်ကြီးကို ပေးရတယ်။ သံရုံးထဲလာပြီးတော့ စားပွဲခုံချပြီးတော့ ယူနေတယ်ဆိုထဲက သံအမတ်မသိပဲ ဘယ်လိုယူလို့ရမလဲ။ အဲ့ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံဆီကို စာပို့တာပါ"

၂၀၁၄ ခုနှစ်ကနေ အခုချိန်ထိ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ခန့်မှန်းလူဦးရေ ၂ သိန်းကျော် ရှိတာကြောင့် တစ်ဦးကို ထိုင်းဘတ်ငွေ ၃၀၀ နဲ့ တွက်ချက်ရင် ဘတ် သန်းပေါင်း ၆၀ နီးပါး ရယူထားတယ်လို့ MWRN ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက် ထားခ အားလုံးစုစုပေါင်း ဘတ် နှစ်ထောင်သာ ကုန်ကျမှာဖြစ်ပေမယ့် ပွဲစားတွေနဲ့ လျှောက်ထားနေရတာကြောင့် တစ်ဦးကို ဘတ် ၅ဝဝဝ ကနေ ဘတ် ၆၀၀၀ အထိ ပေးနေရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org