တာချီလိတ်-မယ်ဆိုင် တံတားကို ထိုင်းဖက်က ပိတ်ဆို့ဆန္ဒပြ

ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့က မယ်ဆိုင်ချောင်းကို ရေစီးရေလာကောင်း မွန်ဖို့အတွက် မြန်မာဖက်ခြမ်းက ရှင်းလင်း လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းနိုင်ငံဖက်က လယ်သမားတွေဟာ ဆန္ဒပြကန့်ကွတ်တဲ့အနေနဲ့ မနေ့မနက် က တာချီလိတ် - မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

တာချီလိတ်-မယ်ဆိုင်တံတားကို ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းတောင်သူတွေ ပိတ်ဆို့ဆန္ဒပြစဉ် Photo: Aung Moe Myint/ RFA

ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့က မယ်ဆိုင်ချောင်းကို ရေစီးရေလာ ကောင်းမွန်ဖို့အတွက် မြန်မာဘက်ခြမ်းက ရှင်းလင်းလိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းနိုင်ငံဖက်က လယ်သမားတွေဟာ ဆန္ဒပြကန့်ကွတ်တဲ့အနေနဲ့ မနေ့ မနက်က တာချီလိတ် - မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေကနေပြီး နယ်စပ်မှာစီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ဂရင်းရေဆိပ်အနီးက ကျောက် ဖျာ ကျောက်ခဲတွေနဲ့ နုံးတွေကိုဖယ်ရှားခဲ့ရာကနေ အခုလို ဆန္ဒပြပွဲဖြစ်ခဲ့တာလို့ တာချီလိတ်ခရိုင် အုပ်ချူပ်ရေးမှူး ဦးတင် ဝင်းရွှေက RFA ကို အခုလို ပြောပါတယ်။

"မယ်ဆိုင်ချောင်းက အရင်ထဲကနေပြီးတော့ ကျနော်တို့ ဒီစိုက်ပျိုးရေး လုပ်ဖို့ အတွက်ကို တိုင်းရင်းနဲ့ပဲ ကျနော်တို့ နုံးတွေက ပိုကျလာတယ် ပြီးတော့ ကြမ်းခင်းက မြင့်လာတယ်၊ ကျနော်တို့ တာချီလိတ် မြို့နယ် ရေကြီးတယ် ဒါမျိုးတွေ  ဖြစ်လာတဲ့အခါကြတော့ ပြည်သူတွေ အစည်းအဝေးက ဆုံးဖြတ်ချက်တစ်ခု နဲ့ နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီက ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီနေ့ ဖယ်ရှားတာပါ၊ ဖယ်ရှားတဲ့အခါ ကျတော့ ကြမ်းခင်းက ယခင်အတိုင်းစီးတဲ့ အခါကြတော့ အောက်ကို နည်းနည်း လျော့သွားတာပေါ့ဗျာ၊ လျော့ တဲ့အခါကြတော့ သူတို့ ရေမြောင်း တွေက မြင့်သွားတာပေါ့ မြင့်တဲ့အခါ သူတို့ထဲ ရေမဝင်တော့ဘူး ရေမ ဝင်တော့ သူတို့မှာရှိ တဲ့ တောင်သူလယ်သမားတွေက သူတို့ အခြေအနေကို တင်ပြတဲ့သဘောပါ၊ မနက်က ၁၀ နာရီခွဲလောက်ပဲ သူတို့ဆီက လယ်သမားတွေကအဲဒီမှာ တံခါးကို ပိတ်ထားပြီးတော့ ခဏဆို ပြန် ဖွင့်ပေးလိုက်ပါတယ်၊ ၉  နာရီကနေ ၁၀ နာရီခွဲကြား တစ်နာရီခွဲလောက်တော့ ကြာသွားတာပေါ့ "

ဒီဆန္ဒပြပွဲကို မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စုမှူး Mr.Prasit ခေါင်းဆောင်တဲ့ တောင်သူလယ်သမား ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး  မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေးတံတားမှာ ဝင်ထွက်သွားလာနေတဲ့ ယာဉ်လမ်း ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး လူဝင်လူထွက်ဂိတ်ပေါက်နဲ့ သံတံခါးတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မယ်ဆိုင်ချောင်းထဲက နုံးမြေတွေ တူးဖော်ဆယ်ထုတ်လိုက်တာဟာ ထိုင်းနိုင်ငံ ဘက်ခြမ်းက လယ်မြေတွေထဲသွယ်ယူ ထားတဲ့ ရေမြောင်းတွေထဲ ရေမစီးဝင်တော့ပဲ လမ်းကြောင်းပြောင်းသွားလို့ စိုက်ခင်းဧက သုံးသောင်းကျော်က စပါးသီးနှံတွေ ပျက်စီးမှာ စိုးရိမ်လို့ ဒေသခံတောင်သူလယ်သမား တစ်သောင်းကျော် စားဝတ်နေရေး ထိခိုက်နိုင်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းဆွေးနွေးခဲ့ပြီးနောက်  မြန်မာဘက်က ဆယ်ယူမှုလုပ်ငန်းတွေ ဆယ်ရက်ရပ်နား ထားဖို့ သဘောတူခဲ့ပြီးဆန္ဒပြပွဲ ပြီးဆုံးသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org