ရေလုပ်သားလေးဦး ပြန်လွတ်မလာသေးကြောင်း ထိုင်းပြောကြား

မြန်မာကင်းလှည့်ရေယာဉ်တွေက နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးသွားတဲ့ ထိုင်းသင်္ဘောသား လေးဦးကို လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့လိုအပ်တယ်လို့ ပြောကြားပြီး မြန်မာအာဏာပိုင်တွေက ပြန်မလွှတ်သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးခဲ့သည့် ထိုင်းရေလုပ်သား လေးဦး (အနီဖြင့်ကွင်းပြထား) အား တွေ့ရစဉ်။ Facebook/ กองทัพเรือ Royal Thai Navy

မြန်မာ့ရေပိုင်နက်မှာ မြန်မာကင်းလှည့်ရေယာဉ်တွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးသွားတဲ့ ထိုင်းသင်္ဘောသား လေးဦးကို လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့လိုအပ်တယ်လို့ ပြောကြားပြီး မြန်မာအာဏာပိုင်တွေက ပြန်မလွှတ်သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းက ဒီဇင်ဘာလ ၇ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းငါးဖမ်းရေယာဉ် ၁၅ စင်းကို မြန်မာကမ်းလှည့်ရေယာဉ်တွေက ပစ်ခတ်ပြီးနောက် ရနောင်းတစ်ဖက်ကမ်း တနင်္သာရီတိုင်း ကော့သောင်းမှာ ထိုင်းရေလုပ်သားတွေကို ထိန်းသိမ်းထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက စနေနေ့က ပြောပါတယ်။

စစ်ကောင်စီအရာရှိတွေက ထိုင်းရေယာဉ်ကို သိမ်းဆည်းပြီး ရေလုပ်သား ထိုင်း လေးဦးနဲ့ မြန်မာ ၂၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အစပိုင်းမှာ ထိုင်းလေးဦးကို သောကြာနေ့က ပြန်လွှတ်ပေးဖို့ စီစဉ်ထားပေမဲ့ ပြန်ရောက်မလာဘူးလို့ ပြောခွင့်ရသူက ပြောကြားပါတယ်။

ဒီလူတွေပြန်လွှတ်ဖို့ ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC က မြန်မာဘက်နဲ့ ညှိနှိုင်းခဲ့ပြီး တရားရေးရာ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်နေတယ်လို့ TBC ကို အသိပေးတယ်လို့ ဆိုပါတယ်။ အထက်က စာကို ဒေသဆိုင်ရာ မြန်မာ စစ်ကောင်စီအာဏာပိုင်တွေ စောင့်ဆိုင်းနေတယ်လို့ ပြောကြားတဲ့အကြောင်းနဲ့ သူတို့လွတ်လာမဲ့ရက်က မသေချာသေးတဲ့အကြောင်း ထိုင်း ပြောခွင့်ရသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org