လိပ်ကျွန်းအမှု ထိုင်းရှေ့နေများကောင်စီ ပါဝင်ကူညီမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦးအတွက် ထိုင်းရှေ့နေများကောင်စီက ဝါရင့်ရှေ့နေတွေနဲ့ မြန်မာရှေ့နေတွေက လိုက်ပါဆောင်ရွက် မှာဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးအရာရှိက ပြော ပါတယ်။

ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ် Photo: Min Oo

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦးအတွက် ထိုင်းရှေ့နေများကောင်စီက ဝါရင့်ရှေ့နေတွေနဲ့ မြန်မာရှေ့နေတွေက လိုက်ပါဆောင် ရွက်မှာဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးအရာရှိ က ပြောပါတယ်။

အဲဒီရှေ့နေတွေဟာ မြန်မာအစိုးရကစေလွှတ် မယ့် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရှေ့နေတွေ နဲ့အတူ အမှုကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

"ကျနော်တို့က ဒီဖက်ကပေါ့နော် ထိုင်းရှေ့နေ များကောင်စီက တစ်ယောက်ပေါ့နော်၊ နောက်သူ့ အကူတစ်ယောက်ရယ်၊ ကျနော်တို့ သံရုံးက ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ် သမား စောင့်ရှောက်ရေးကော်မတီမှာလည်း ကျနော်တို့ မြန်မာရှေ့နေတစ်ယောက်ရှိပါတယ်၊ ပြီးရင် ကျနော်တို့နိုင်ငံက စေလွှတ်မယ့် ရှေ့နေထဲက ဘယ်နှစ်ယောက်လာမလဲတော့ မသိသေးဘူးပေါ့"

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဗြိတိန် သံအမတ်တွေနဲ့ ထိုင်းရဲချုပ်တို့ ပြီးခဲ့တဲ့ရက်က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြရာမှာ ထိုင်းရဲချုပ်က လိပ်ကျွန်းအမှု စစ်ဆေးရာမှာ တရားမျှတမှုရှိ၊ မရှိ ဗြိတိန်နဲ့ မြန်မာက စောင့်ကြည့်ရေးအဖွဲ့တွေကို လေ့လာစောင့်ကြည့်ခွင့်ပြုခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဗြိတိန်သံအမတ်ကြီးက အမှုကို မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာ စစ်ဆေးဖို့နဲ့ လူစားထိုးတာမျိုးမဖြစ်စေဖို့ သတိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ရဲ့ ပြောကြားချက်အရ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့အပေါ် စွဲဆိုထားတဲ့အမှုကို တစ်လအတွင်း ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးဝင်းမောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org