ရွှေ့ပြောင်းအလုပ်သမား ဥပဒေပြင်ဆင်ဖို့ ထိုင်းပြင်ဆင်နေ

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေ ကို ပြင်ဆင်ရေးဆွဲပြီး ရွှေ့ပြောင်း အလုပ်သမားကိစ္စတွေကို ဖြေလျှော့ပေး သွားဖို့ရှိကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ NGO တွေနဲ့ မနေ့က တွေ့ ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ်နဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေ တဲ့ NGO အဖွဲ့တွေ စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ဆုံစဉ် Photo: Saw Eh Tho

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေကို ပြင်ဆင်ရေးဆွဲပြီး ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေကို ဖြေလျှော့ပေးသွား ဖို့ရှိကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ NGO တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဥပဒေတစ်ခုကို ပြင်ဖို့အချိန်ယူရမှာဖြစ်ပြီး အချိန်တိုတွင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားမယ်လို့ ပြော သွားကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

"ဥပဒေတခုကိုပြင်ဖို့ နည်းနည်းတော့ အချိန်ယူရပါတယ်ပေါ့ ဒါပေမဲ့လည်း ထိထိရောက်ရောက်ဖြစ်အောင် အချိန်တိုအတွင်းမှာ ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြော သွားပါတယ်၊ ဆိုလိုချင်တာကတော့ အလုပ်ရှင်မတူတဲ့ ပြဿနာတက်တာတို့ အလုပ်မတူလို့ ပြဿနာတက်တာ တို့ အဲ့ဒီကိစ္စတွေ သူတို့လည်းသိပါတယ်၊ အချိန်တော့အတိအကျ မပြောနိုင်ပေမယ့် တိုတောင်းတဲ့ အချိန်ကာလတစ်ခုအတွင်းမှာပေါ့ တချို့ဟာတွေ အကောင်အထည်ဖော်လာနိုင်လိမ့်မယ်လို့ ကျနော် တို့မျှော်လင့်ပါတယ်"

ဒါ့အပြင် ထိုင်းနိုင်ငံက မြို့ ၁၀ ခုမှာ ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်သွားဖို့ကို လည်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးသန်းနီးပါးရှိပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား တစ်သိန်းခွဲကျော်သာရှိကြောင်း စာရင်းတွေအရ သိရပါတယ်။

ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်မှတ်ပုံတင်ရေးကိစ္စတွေကို ဖိအားပေးဆောင် ရွက်နေပြီး တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org