မြန်မာကလေးတွေကို ပြန်ပို့မှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးပြော

ထိုင်းနိုင်ငံ လော့ဘူရီခရိုင်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြန်မာကလေး ၁၉ ဦးကို ပြန်မပို့ဘူးလို့ ထိုင်းအစိုးရရဲ့ လူမှုဖွံ့ဖြိုးနဲ့ လူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝရာဝတ်က ပြောလိုက်ပါတယ်။

ထိုင်းအစိုးရလူမှုဖွံ့ဖြိုးနှင့် လူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝရာဝတ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က COP27 ရာသီဥတုညီလာခံတွင် မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်။ AHMAD GHARABLI / AFP

ထိုင်းနိုင်ငံ လော့ဘူရီခရိုင်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြန်မာကလေး ၁၉ ဦးကို ပြန်မပို့ဘူးလို့ ထိုင်းအစိုးရရဲ့ လူမှုဖွံ့ဖြိုးနဲ့ လူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝရာဝတ်က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ ဘယ်ကလေးမဆို နိုင်ငံ လူမျိုးမခွဲဘဲ စောင့်ရှောက်မှာဖြစ်ပြီး၊ သူတို့ကို မူရင်း နေရပ်ဆီ ပြန်ပို့ရမယ်ဆိုတာ မူဝါဒမရှိဘူးလို့ ဝန်ကြီး ဝရာဝတ်က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ မတ်လ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

အဲဒီကလေးတွေဟာ အသက် ငါးနှစ်ကနေ ၁၆ နှစ်ကြားဖြစ်ပြီး သူတို့မှာ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိပါဘူး။ သူတို့ကို ရှမ်းပြည်နယ်နဲ့နီးတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်ကနေ ဘန်ကောက်မြို့နဲ့ မိုင်တစ်ရာကျော်ပဲဝေးတဲ့ လော့ဘူရိုင်ခရိုင်မှာ ထိန်းသိမ်းထားတာပါ။ မြန်မာပြည်အခြေအနေဆိုးနေတဲ့အတွက် အဲဒီကလေးတွေကိုပြန်ပို့ရင် အန္တရာယ်ရှိတယ်လို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်တကြီး ပြောဆိုလာကြတဲ့အတွက် လူမှုဖွံ့ဖြိုးရေးနဲ့ လူ့လုံခြုံရေးဆိုင်ရာဝန်ကြီး က ပြောလိုက်တာပါ။

ကလေးတွေကို ကာကွယ်ရမယ်ဆိုတာကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားစာချုပ်ကို လွန်ခဲ့တဲ့အနှစ် ၃၀ ကတည်းက သဘောတူထားတာရှိတယ်လို့လည်း ဝန်ကြီး ဝရာဝတ်က ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာပြည်က ထွက်ပြေးလာပြီး အထောက်အထားမရှိတဲ့ ကလေးဦးရေ ငါးသိန်းလောက်ရှိ တယ်လို့ ထိုင်းလူ့အခွင့်အရေးမင်းကြီးဟောင်း တူဝမ်ဂျေ ဒိထိစ် က ရိုက်တာသတင်းကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org