ထိုင်းဆန်ဈေးကွက်ကို မြန်မာနဲ့ အခြားနိုင်ငံများ ယှဉ်ပြိုင်မှု တိုးပွား

ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ထိုင်း နိုင်ငံရဲ့ ဆန်ဈေးကွက်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တနေ့တခြား ယှဉ်ပြိုင်မှု ကြီးထွားလာနေတယ်လို့ ထိုင်းနိုင်ငံ ကုန်သည်ကြီး များအသင်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှုလေ့လာရေးဌာနက ဒီနေ့ သတိပေးလိုက်ပါတယ်။

မြန်မာ့နိုင်ငံက ဆန်ကို တွေ့ရစဉ်

ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဆန်ဈေး ကွက်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တနေ့တခြား ယှဉ်ပြိုင်မှု ကြီးထွားလာနေတယ်လို့ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှုလေ့လာရေးဌာနက ဒီနေ့ သတိပေးလိုက် ပါတယ်။

အခုအခါမှာ  မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတို့က ဆန်စပါးထုတ်လုပ်မှုကို ဦးစားပေး လုပ်ကိုင်လာကြချိန်မှာ ထိုင်းနိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်မှုက တိုးတက်မလာပဲ တန့်နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကာလ ကိန်းဂဏန်းတွေကို လေ့လာ တဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ဆန်စပါး ထွက်ရှိမှုဟာ တစ်ဧကရဲ့လေးပုံတစ်ပုံ အကျယ်တကွက်ကို ၂၀၀၄ ခုနှစ်က ပျမ်းမျှ ၄၂၂ ကီလို အထွက်နှုန်းကနေ ၂၀၁၃ ခုမှာ ၄၅၇ ကီလိုအထိ တိုးတက်လာပေမယ့် ဒုတိယ တစ်သီးကျတော့ ၆၈၀ ကီလိုကနေ ၆၇၄ ကီလိုကို ကျဆင်းသွားကြောင်း၊ ဗီယက်နမ်နိုင်ငံမှာဆိုရင် အဲဒီလောက် အကျယ် စပါးခင်းမှာ စပါးအထွက်ဟာ ကီလို ၁၂၀၀ ရှိကြောင်း ဖေါ်ပြထားပါတယ်။

လက်ရှိအတိုင်းသာဆက်သွားရင် လာမယ့်ဆယ်နှစ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ ဆန်ဈေးကွက်ဟာ ဒေါ်လာ သန်းပေါင်း ၂၇၀၀  ကျော် နစ်နာဆုံးရှုံးမှာ ဖြစ်တယ်လို့လည်း အဲ့ဒီ ထိုင်း ကုန်သည်ကြီးများအသင်းရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org