ရွှေ့ပြောင်းလုပ်သားတွေ ပြန်လက်ခံဖို့ ထိုင်းနိုင်ငံက စီစဉ်နေ

ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးမှု ပြဿနာကို သက်သာစေဖို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေကို လက်ခံရေးနယ်စပ်တွေကို ပြန်ဖွင့်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ အစိုးရအရာရှိ တစ်ဦးက မနေ့က ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

၂ဝ၂ဝ အောက်တိုဘာ ၂၉ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို တွေ့ရစဉ်။ File Photo: AFP

ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးမှု ပြဿနာကို သက်သာစေဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေကိုလက်ခံရေးနယ်စပ်တွေကိုပြန်ဖွင့်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ အစိုးရအရာရှိတဦးက မနေ့က ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားရှားပါးမှုကြောင့် ပြည်ပပို့ကုန်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး စိစစ်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ရာဘာနဲ့ အစားအစာထုတ်လုပ်မှုလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ကြီးမားတဲ့ ပို့ကုန်လုပ်ငန်းတွေ ဖြစ်ပြီး ဒီလုပ်ငန်းတွေက ရွှေ့ပြောင်းလုပ်သားတွေကို အကြီးအကျယ် မှီခိုနေရတာပါ။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် အခုနှစ်စောစောပိုင်းက နိုင်ငံခြားအလုပ်သမား အများအပြား နေရပ်ပြန်တာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်နည်းနဲ့ ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ်နီးပါးရှိနေပြီး အဖမ်းခံရတဲ့ သတင်းတွေလည်း နေ့စဉ်လိုလိုရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org